ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ လီနို ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အသင်းအတွက် ထူးရှယ်လက်စွမ်းကို ပြသခဲ့ အပြီးမှာတော့ အသင်းကနေ ထွက်ခွာသွားတဲ့ ဂိုးသမားဟောင်း မာတီနက်စ်နဲ့ သူ့ကို ခိုင်းနှိုင်းကာ ဝေဖန်နေကြတဲ့သူတွေကို ပြန်လည် တုံ့ပြန် သွားခဲ့ပါတယ်။ လီနိုဟာ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်မှာ ကစားခဲ့တဲ့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ အသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ မာတီနက်စ်နဲ့ ခိုင်းနှိုင်းကာ ဝေဖန်မှုတွေ ခံခဲ့ရပြီး မာတီနက်စ် ထက် ညံ့တဲ့ ဂိုးသမားလို့ ကစားသမားဟောင်းတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရပါတယ်။

Photo Credit: Goal

ယနေ့မနက်မှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာတော့ မာတီနက်စ်ဟာ သူ့အပေါ် ဝေဖန်မှုတွေကို ထူးရှယ်လက်စွမ်းနဲ့ ချေဖျက် ပြသွားခဲ့ပြီး သူ့ရဲ့ လက်စွမ်းတွေကြောင့်သာ မဟုတ်ရင် အာဆင်နယ်အသင်း အနေနဲ့ လီဗာပူးအသင်းကို နှစ်ကြိမ်ဆက် အရှုံးပေးလိုက် ရမှာပါ။ အန်ဖီးလ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ လီနိုဟာ သာမန်ပွဲချိန် အတွင်း လီဗာပူးအသင်း ဂိုးရရှိနိုင်တဲ့ အခွင့်အ​ရေး သုံးကြိမ်လောက်ကို အကောင်းမွန်ဆုံး လက်စွမ်းနဲ့ တားဆီးပြခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာလည်း လီဗာပူးအသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ အော်ရီဂီနဲ့ ဝီလ်ဆင်တို့ရဲ့ ကန်ချက်တွေကို တားဆီးခဲ့ပြီး အာဆင်နယ် အသင်းကို နောက်တစ်ဆင့် ရောက်ရှိ စေခဲ့ပါတယ်။

Photo Credit: Goal

ကာရာဘောင်းဖလား ပွဲစဉ် ပြီးဆုံး သွားချိန်မှာတော့ လီနိုက သူ့ကို ဝေဖန်ခဲ့တဲ့သူတွေကို ပြန်လည် တုံ့ပြန် သွားခဲ့ပြီး သူဟာ အာဆင်နယ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ကြုံးဝါး သွားခဲ့ပါတယ်။ လီနိုက ” ကျွန်တော်ဟာ ဘယ်တုန်းကမှ နေရာဆုံးရှုံးရမှာကို မကြောက်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အသင်းက ကျွန်တော်ဟာ နံပါတ်တစ် ဂိုးသမား ဖြစ်တယ် ဆိုတဲ့ ထောက်ခံမှုမျိုး အပြည့်အဝ ပေးခဲ့သလို ကျွန်တော်ဟာ အနာဂတ်မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်ရှိနေမယ့်သူပါ။ အသင်းကတော့ ကျွန်တော့် အပေါ်မှာ အမြဲတမ်း ကောင်းခဲ့ပါတယ်။ ကျွန်တော် လုပ်ရမယ့် တစ်ခုထဲသော အရာက နံပါတ်တစ် နေရာနဲ့ ထိုက်တန်ကြောင်းကို ပြသဖို့ပါပဲ။ ဒီနေ့မှာတော့ ပြသနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။