ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ ေဘာလုံးရာသီက စတင္ေရတြက္မယ္ဆိုရင္ေတာ့ လက္ရွိ ပရီးမီးယားလိဂ္ အသင္းေတြရဲ့ အဓိကဂိုးသမားေတြထဲမွာ အမွားအယြင္းကေန ငါးဂိုးအထက္ ဂိုးေပးရတဲ​့ အမ်ားဆုံး ဂိုးသမားႏွစ္ဦး ရွိလို႔ေနပါတယ္။ အဆိုပါ ဂိုးသမားေတြကေတာ့ အာဆင္နယ္အသင္းရဲ့ ဂိုးသမား လီနိုနဲ႔ ယူနိုက္တက္အသင္းရဲ့ ဂိုးသမား ဒီဂီယာတို႔ပဲ ျဖစ္ပါတယ္။

Photo Credit: Standard.com

ၿပီးခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ပြဲစဥ္မွာ အမွားအယြင္းျပဳလုပ္ခဲ့မိတဲ့ လီနိုဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီအစကေန လက္ရွိအခ်ိန္အထိ သူ႔ရဲ့အမွားေတြကေန သြင္းဂိုး ခုႏွစ္ဂိုးအထိ ခြင့္ျပဳေပးခဲ့ရၿပီး သူဟာ ပရီးမီးယားလိဂ္ရဲ့ အမွားအယြင္းအမ်ားဆုံး ဂိုးသမား စာရင္းမွာ ထိပ္ဆုံးကေန ရပ္တည္ေနပါတယ္။

Photo Credit: Standard.com

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ဂိုးသမား ဒီဂီယာကေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ အစကေန စတင္ေရတြက္မယ္ဆိုရင္ေတာ့ သူ႔ရဲ့ အမွားအယြင္းကေနတဆင့္ ခြင့္ျပဳေပးခဲ့ရတဲ့ သြင္းဂိုးဟာ ေျခာက္ဂိုးအထိ ရွိေနခဲ့ၿပီး ဒါဟာ လီနိုရဲ့ေနာက္ ပရီးမီးယားလိဂ္ရဲ့ ဒုတိယေျမာက္ အမွားအယြင္းအမ်ားဆုံး ဂိုးသမားအျဖစ္ သူ႔ကို မွတ္တမ္းဝင္ေစခဲ့ပါတယ္။

Photo Credit: Standard.com

ယေန႔ညမွာေတာ့ လီနိုရဲ့အာဆင္နယ္နဲ႔ ဒီဂီယာရဲ့ ယူနိုက္တက္အသင္းတို႔ဟာ အာဆင္နယ္အသင္းရဲ့ အိမ္ကြင္းျဖစ္တဲ့ အမ္းမရိတ္ကြင္းထဲမွာ ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္ၿပီး ႏွစ္သင္းစလုံးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အမွားခံလို႔ မရတဲ့အေနအထားမွာ ရွိတာေၾကာင့္ ဒီပြဲစဥ္ဟာ ပိုမိုၾကည့္ေကာင္းေနမွာပါ။ ဒီေန႔ပြဲစဥ္မွာ လီနိုနဲ႔ ဒီဂီယာတို႔ဟာ ထုံးစံအတိုင္းမွားယြင္းဦးမလားဆိုတာနဲ႔ သူတို႔ရဲ့မွားယြင္းမွုေတြဟာ ရလဒ္ကို ဘယ္ေလာက္အထိ ေျပာင္းလဲေစမလဲဆိုတာကို ျမက္ခင္းစိမ္းေတြေပၚမွာ ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။

ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ဘောလုံးရာသီက စတင်ရေတွက်မယ်ဆိုရင်တော့ လက်ရှိ ပရီးမီးယားလိဂ် အသင်းတွေရဲ့ အဓိကဂိုးသမားတွေထဲမှာ အမှားအယွင်းကနေ ငါးဂိုးအထက် ဂိုးပေးရတဲ​့ အများဆုံး ဂိုးသမားနှစ်ဦး ရှိလို့နေပါတယ်။ အဆိုပါ ဂိုးသမားတွေကတော့ အာဆင်နယ်အသင်းရဲ့ ဂိုးသမား လီနိုနဲ့ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အမှားအယွင်းပြုလုပ်ခဲ့မိတဲ့ လီနိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအစကနေ လက်ရှိအချိန်အထိ သူ့ရဲ့အမှားတွေကနေ သွင်းဂိုး ခုနှစ်ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး သူဟာ ပရီးမီးယားလိဂ်ရဲ့ အမှားအယွင်းအများဆုံး ဂိုးသမား စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

Photo Credit: Standard.com

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ အစကနေ စတင်ရေတွက်မယ်ဆိုရင်တော့ သူ့ရဲ့ အမှားအယွင်းကနေတဆင့် ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုးဟာ ခြောက်ဂိုးအထိ ရှိနေခဲ့ပြီး ဒါဟာ လီနိုရဲ့နောက် ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အမှားအယွင်းအများဆုံး ဂိုးသမားအဖြစ် သူ့ကို မှတ်တမ်းဝင်စေခဲ့ပါတယ်။

Photo Credit: Standard.com

ယနေ့ညမှာတော့ လီနိုရဲ့အာဆင်နယ်နဲ့ ဒီဂီယာရဲ့ ယူနိုက်တက်အသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့ မရတဲ့အနေအထားမှာ ရှိတာကြောင့် ဒီပွဲစဉ်ဟာ ပိုမိုကြည့်ကောင်းနေမှာပါ။ ဒီနေ့ပွဲစဉ်မှာ လီနိုနဲ့ ဒီဂီယာတို့ဟာ ထုံးစံအတိုင်းမှားယွင်းဦးမလားဆိုတာနဲ့ သူတို့ရဲ့မှားယွင်းမှုတွေဟာ ရလဒ်ကို ဘယ်လောက်အထိ ပြောင်းလဲစေမလဲဆိုတာကို မြက်ခင်းစိမ်းတွေပေါ်မှာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။