ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ လီနိုကတော့ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဟာ လီဗာပူးအသင်းရဲ့ ဂိုးသမားဖြစ်သူ အဲလစ်ဆင် ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆို လာခဲ့ပါတယ်။ အသက်၂၈နှစ်အရွယ် လီနိုဟာ လက်ရှိ ဘောလုံးရာသီမှာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပွဲစဉ်တိုင်းလိုလိုမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သူဖြစ်ကာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ပွဲ ပါဝင်ကစားပေးထားရာမှာ ၇ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့သလို ပင်နယ်တီကာကွယ်မှု တစ်ကြိမ်ကိုလည်း ပြုလုပ်ထားနိုင်ခဲ့သူပါ။

Photo Credit: Standard.com

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီနို အပါအဝင် မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာ ၊ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန် ၊ လီဗာပူး အသင်းရဲ့ ဂိုးသမား အဲလစ်ဆင် ၊ စပါးအသင်းရဲ့ ဂိုးသမား လိုရစ်တို့က အကောင်းဆုံး ဂိုးသမားတွေအဖြစ် သတ်မှတ်ခံထားရကာ အဲ့ဒီထဲမှာ ဘယ်သူက နံပါတ်တစ် ဂိုးသမားလဲဆိုပြီး လီနို ကို မေးမြန်းခဲ့ရာမှာတော့ လီနိုဟာ လီဗာပူး အသင်းရဲ့ဂိုးသမား အဲလစ်ဆင်ကို ရွေးချယ်ပေးခဲ့ပါတယ်။ သူ့အတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဟာ အဲလစ်ဆင် ဖြစ်ကြောင်းကို လီနိုက ” ကျွန်တော့်အတွက် အကောင်းဆုံး ဂိုးသမားက လီနိုပါပဲ။ ဒါက အရမ်းကို ရှင်းလင်းပါတယ်။ သူဟာ နေရာစုံမှာ တော်တဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ မှတ်တမ်းတွေက အဲ့ဒါကို သက်သေပြနေပါတယ် ” လို့ ဆိုသွားခဲ့တာပါ။

Photo Credit: Standard.com

လက်ရှိမှာလည်း အဲလစ်ဆင်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေ အားလုံးက တညီတညွတ်ထဲ သတ်မှတ်ထားကြပြီး အဲလစ်ဆင်ရဲ့ နောက်မှာတော့ မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာဟာ ဒုတိယအကောင်းဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲလစ်ဆင်ဟာ ဘာ့ကြောင့် အကောင်းဆုံး ဖြစ်နေရသလဲဆိုတဲ့ လျို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး လီဗာပူး အသင်းရဲ့ ဂိုးနည်းပြဖြစ်သူ အက်ချက်တာဘက် က အခုလိုပဲ ရှင်းပြထားခဲ့ပါတယ်။ အက်ချက်တာဘက်က ” အဲလစ်ဆင်ဟာ အကြောက်တရားမရှိတဲ့ ဂိုးသမား တစ်ဦးပါ။ သူဟာ သူဆုံးဖြတ်ချက် ချခဲ့တဲ့ အရာကို မဆိုင်းမတွ လုပ်လေ့ရှိပါတယ်။ ဂိုးသမားတစ်ဦးအတွက် ဒီအချက်ဟာ အရေးအကြီးဆုံးပါ။ အဲလစ်ဆင်ဟာ ပွဲအပေါ်ကို အကောင်းဆုံး ဖတ်ရှုတတ်သူ ဖြစ်ပြီး အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်သူပါ ” လို့ ရှင်းပြခဲ့တာပါ။