ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယညပွဲစဉ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ပွဲမှာတော့ ဘွန်ဒစ်လီဂါအသင်း လိုက်ပ်ဇစ်က (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို ကလပ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် တတ်ရောက်သွားခဲ့ရပြီး ဒီပွဲအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်ရပ်လေးတွေအကြောင်းကို ညီအစ်ကိုတို့အတွက် စုစည်းဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

လိုက်ပ်ဇစ်အသင်းအတွက် (၈၈)မိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ တိုင်လာအဒမ်စ်က သူရဲ့လိုက်ပ်ဇစ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အမေရိကန်ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ရပါတယ်။

အနိုင်ရရှိခဲ့တဲ့ လိုက်ပ်ဇစ်အသင်းဟာ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီတုန်းက ရှော်ကေးအသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ပြီးနောက် ဘိုင်ယန်/ဒေါ့မွန်တို့မဟုတ်ပဲ ချန်ပီယံလိဂ် ဆီမီးကို တတ်ရောက်လာခဲ့တဲ့ ပထမဆုံးဂျာမန်ကလပ်လည်း ဖြစ်လာခဲ့ရပါတယ်။

လိုက်ပ်ဇစ်အသင်းရဲ့နည်းပြ နီဂယ်လ်စ်မန်းဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ရှံးထွက်အဆင့်တွေမှာ နိုင်ပွဲရယူခဲ့သမျှ နည်းပြတွေထဲကမှ အသက်အငယ်ဆုံးနည်းပြအဖြစ်နဲ့ရော ချန်ပီယံလိဂ်ရဲ့ဆီမီးဖိုင်နယ် ရောက်ရှိခဲ့ဖူးသမျှ နည်းပြတွေထဲမှာပါ အသက်အငယ်ဆုံးအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ၂၀၁၆ခုနှစ်ကမှ ဘွန်ဒစ်လီဂါကို တန်းတတ်လာခဲ့တာဖြစ်ပေမယ့် တန်းတတ်လာခြင်းနှစ်မှာပဲ အသင်းက ဘွန်ဒစ်လီဂါမှာ အဆင့်(၂)နေရာထိ ပိုင်ဆိုင်ခဲ့သလို အခုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အထိကို ရောက်ရှိခဲ့ရပြီဖြစ်ပါတယ်။

ဒါ့အပြင် လိုက်ပ်ဇစ်ဟာ ဥရောပဘောလုံးပြိုင်ပွဲကြီးတွေအတွင်း ဆီမီးဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းနိုင်ခဲ့တဲ့ (၇၅)မြောက်အသင်းဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ရော်နယ်ဒိုမပါဝင်တဲ့ အသင်းနဲ့ ဆီမြွန်နီကိုင်တွယ်တဲ့ အသက်လက်တီကိုအသင်းကို ချန်ပီယံလိဂ်ရှံးထွက်အဆင့်ကနေ ထွက်ခွာအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်းဖြစ်ခဲ့ရပါတယ်။