တစ်ချိန်တုန်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ လက်စတာအသင်းဟာ မနှစ်က ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီကို တန်းဆင်းသွားခဲ့ရပြီး အခုလည်း ပရီးမီးယားလိဂ်က ကစားသမား(၂)ဦးကိုပါ သူတို့အသင်းဆီကို ခေါ်ဆောင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Image

Photo Credit : Fabrizio Romano

ပထမဆုံး ခေါ်ယူနိုင်မယ့်သူက ဝုလ်ဗ် နဲ့ အဲဗာတန် ကစားသမားဟောင်း ကော်နာကိုဒီပါ။ အင်္ဂလန် နောက်ခံကစားသမားကို လက်စတာက ပြောင်းရွှေ့ကြေး ပေါင် (၇.၅)သန်း + အပိုဆုကြေး ပေါင် (၁)သန်းနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ဒီကနေ့မှာပဲ လက်စတာနဲ့ ဆေးစစ်မှုတွေ ခံယူသွားတော့မှာ ဖြစ်ပါတယ်။

Image

Photo Credit : Fabrizio Romano

နောက်တစ်ဦးကတော့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ပါ။ အသက် (၂၇)နှစ်အရွယ် အင်္ဂလန် ကစားသမား ဝင့်စ်က ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး အခုတော့ လက်စတာအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၁၀)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

လက်ရှိမှာတော့ လက်စတာက အသင်းရဲ့ အဓိက ကစားသမား တချို့က ဆုံးရှုံးထားခဲ့ရပြီး ဆိုယွန်ဂျူ တီလေမန်းစ်တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရသလို ဂျိမ်းစ်မက်ဒီဆန်ကိုလည်း စပါးအသင်းဆီ ပေါင် သန်း(၄၀)နဲ့ ရောင်းချထားခဲ့ရပါတယ်။