MySport Myanmar

ပေါင် ၁၇သန်း ရရုံနဲ့ အာဆင်နယ်ပစ်မှတ် တိုင်လီမန်းစ်ကို ရောင်းချသွားမယ့် လက်စတာ

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးက သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားတဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကို သက်သာတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းစ်က အန်ဒါလက်ချ်ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လုပ်အားနှုန်း အမြင့်မားဆုံး ကွင်းလယ်လူတွေထဲက တဦး အပါအဝင်လည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ လက်စတာ စီးတီးက အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ တိုင်လီမန်းစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်ထဲက ကြိုးပမ်းခဲ့ပြီး တိုင်လီမန်းစ်ကတော့ သူ့ရဲ့ ကစားသမား ဘဝ အတွက် လက်စတာ စီးတီးထက် ပိုမို ကောင်းမွန်တဲ့ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ ကစားချင်နေတာကြောင့် လက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က တိုင်လီမန်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသထားပြီး တိုင်လီမန်းစ်ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကာ လက်စတာ စီးတီးကတော့ တိုင်လီမန်းစ် အတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်စတာ စီးတီးက တိုင်လီမန်းစ်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ထက် ယခု နွေဈေးကွက် အတွင်းမှာတင် ရသလောက်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး လက်စတာ စီးတီးက တိုင်လီမန်းစ် အတွက် ပေါင် ၁၇သန်း ဝန်းကျင် ရရှိရင် တိုင်လီမန်းစ်ကို ရောင်းချဖို့ ရှိနေကြောင်း သိရပါတယ်။

Exit mobile version