ပရီးမီးယားလိဂ္ရဲ့ အဆင့္ႏွစ္ေနရာမွာ ရွိေနကာ လာမယ့္ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို ရရွိဖို႔အတြက္ အေျခအေနေကာင္းေနတဲ့ လက္စတာအသင္းဟာ ယူနိုက္တက္အသင္းရဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာကို ေခၚယူနိုင္ဖို႔ အတြက္ ယူနိုက္တက္အသင္းထံ စုံစမ္းေမးျမန္းခဲ့တယ္လို႔ အဂၤလန္သတင္းမီဒီယာေတြက ေဖာ္ျပလိုက္ၾကပါတယ္။

Photo Credit: Metro.com

လက္စတာအသင္းဟာ မန္စီးတီး ၊ ခ်ယ္လ္ဆီးအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ သူတို႔အသင္းရဲ့ ဘယ္ေနာက္ခံလူ ဘန္ခ်ီဝဲလ္ကို လာမယ့္ေဘာလုံးရာသီမွာ ဆက္လက္ ထိန္းသိမ္းထားနိုင္ဖို႔ ခက္ခဲမွုရွိေနတာေၾကာင့္ ဘန္ခ်ီဝဲလ္ရဲ့ေနရာအတ​ြက္ အစားထိုးနိုင္ရန္ လုခ္ေရွာကို ေခၚယူလိုေနတာပဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

အသက္၂၄ႏွစ္အရြယ္ လုခ္ေရွာဟာ လက္ရွိ ေဘာလုံးရာသီမွာ လူငယ္ကစားသမားျဖစ္တဲ့ ဘရန္ဒန္ ဝီလီယံနဲ႔အတူ ပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္ေနရသူျဖစ္ၿပီး​ ေနာက္ပိုင္း ပြဲစဥ္ေတြမွာေတာ့ ဝီလီယံရဲ့ေနာက္ ဒုတိယ ဦးစားေပးအေနအထားကို ေရာက္ရွိလာခဲ့သူပါ။ သတင္းေတြရဲ့ ေဖာ္ျပခ်က္အရေတာ့ လုခ္ေရွာကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေရာင္းခ်မွာမဟုတ္ဘူးလို႔ ယူနိုက္တက္အသင္းက ျငင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

Photo Credit: Metro.com

ဒါေပမယ့္ ေဘာလုံးကၽြမ္းက်င္သူေတြက လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ လက္စတာအသင္းဟာ လုခ္ေရွာကို ေခၚယူဖို႔ အတြက္ အခြင့္အေရးရလာနိုင္ေၾကာင္းနဲ႔ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္၄၀သန္းဝန္းက်င္ အသုံးျပဳရဖြယ္ရွိေၾကာင္း သုံးသပ္ထားပါတယ္။ လုခ္ေရွာဟာ ေဆာက္သမ္တန္အသင္းကေန ယူနိုက္တက္အသင္းထံကို ေပါင္ ၂၇သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူလည္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ်ရဲ့ အဆင့်နှစ်နေရာမှာ ရှိနေကာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိဖို့အတွက် အခြေအနေကောင်းနေတဲ့ လက်စတာအသင်းဟာ ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို ခေါ်ယူနိုင်ဖို့ အတွက် ယူနိုက်တက်အသင်းထံ စုံစမ်းမေးမြန်းခဲ့တယ်လို့ အင်္ဂလန်သတင်းမီဒီယာတွေက ဖော်ပြလိုက်ကြပါတယ်။

Photo Credit: Metro.com

လက်စတာအသင်းဟာ မန်စီးတီး ၊ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို လာမယ့်ဘောလုံးရာသီမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲမှုရှိနေတာကြောင့် ဘန်ချီဝဲလ်ရဲ့နေရာအတ​ွက် အစားထိုးနိုင်ရန် လုခ်ရှောကို ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အသက်၂၄နှစ်အရွယ် လုခ်ရှောဟာ လက်ရှိ ဘောလုံးရာသီမှာ လူငယ်ကစားသမားဖြစ်တဲ့ ဘရန်ဒန် ဝီလီယံနဲ့အတူ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေရသူဖြစ်ပြီး​ နောက်ပိုင်း ပွဲစဉ်တွေမှာတော့ ဝီလီယံရဲ့နောက် ဒုတိယ ဦးစားပေးအနေအထားကို ရောက်ရှိလာခဲ့သူပါ။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ လုခ်ရှောကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းချမှာမဟုတ်ဘူးလို့ ယူနိုက်တက်အသင်းက ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

Photo Credit: Metro.com

ဒါပေမယ့် ဘောလုံးကျွမ်းကျင်သူတွေက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ လက်စတာအသင်းဟာ လုခ်ရှောကို ခေါ်ယူဖို့ အတွက် အခွင့်အရေးရလာနိုင်ကြောင်းနဲ့ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်၄၀သန်းဝန်းကျင် အသုံးပြုရဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။ လုခ်ရှောဟာ ဆောက်သမ်တန်အသင်းကနေ ယူနိုက်တက်အသင်းထံကို ပေါင် ၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။