ဒီနေ့ ဇွန်လ(၂၃)ရက်နေ့ ည(၁၁)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေရတဲ့ လက်စတာအသင်းနဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက အာဆင်နယ်အသင်းကို အံ့အားသင့်ဖွယ် အနိုင်ရယူခဲ့တဲ့ ဘရိုက်တန်အသင်းတို့ ပွဲစဉ်မှာတော့ ဘယ်အသင်းကမှ သွင်းဂိုးတွေမရခဲ့ပဲ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်လက်စတာအသင်းက ဒီပွဲစဉ်မှာ သူတို့ရဲ့ကစားပုံကို ပြောင်းလဲလာခဲ့သလို ကစားသမားသုံးစွဲမှုကို အပြောင်းအလဲလုပ်လာခဲ့ပါတယ်။ ပွဲထွက်ကစားသမားစာရင်းမှာ ဗာဒီ အီယန်နာချို ဂရေး အမ်ဒီဒီ မန်ဒီ မက်ဒီဆန် ချီဝဲလ် ဆိုယန်ကူ အီဗန်စ် ဂျိမ်းစ်ဂျက်စတင်နဲ့ ရှမိုက်ကယ်တို့ ပါဝင်ခဲ့ပါတယ်။ ဘရိုက်တန်ကလည်း ကစားသမားအပြောင်းအလဲများစွာ လုပ်ဆောင်ခဲ့ပြီး မော်ပေး ကော်နယ်လီ မွိုင်း စတီဖန် ဒန့်ဖ် ဝက်စ်တာ ရိုင်ယန်တို့ ပါဝင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ လက်စတာရဲ့ကစားပုံက အားရစရာ အနေအထားမှာရှိမနေပဲ ဧည့်သည်ဘရိုက်တန်ကတောင် (၈)ကြိမ်အထိ တိုက်စစ်ဆင်ခဲ့သလို (၁၄)မိနစ်မှာလည်း ပင်နယ်တီကန်ခွင့်ပါ ရရှိခဲ့ပေမယ့် မော်ပေးရဲ့ကန်သွင်းချက်ကို ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူခဲ့တဲ့ လက်စတာဟာ ဒုတိယပိုင်းလည်း ဘောလုံးပိုင်ဆိုင်မှုပဲ အသာထပ်ရနေခဲ့ရပြီး ဘရိုက်တန်ဘက်ကိုတော့ တိုက်စစ်ဆင်တဲ့အပိုင်းမှာတော့ ထူးထူးခြားခြား ကောင်းမွန်လာခြင်းမရှိပဲ ပထမပိုင်းကလောက်ပါ မထိုးဖောက်နိုင်ခဲ့ပါဘူး။ ဘရိုက်တန်ကတော့ ဒုတိယပိုင်းမှာ ခံစစ်ကိုပဲ ပိုမိုအလေးထားကစားခဲ့ပြီး လက်စတာတိုက်စစ်ကိုလည်း ဟန့်တားနိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီးမှာတော့ လက်စတာက တစ်သင်းလုံးနီးပါး ဖိကစားခဲ့ပေမယ့်လည်း ဘရိုက်တန်ခံစစ်က အကောင်းဆုံးပြခဲ့လို့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။