လက်စတာ နည်းပြ ရော်ဂျာကတော့ တိုက်စစ်မှူး ဗာဒီဟာ ဂိုးထပ်မသွင်းနိုင်ပေမဲ့ လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုလို အခြားသူတွေအတွက် နေရာလွတ် ဖန်တီးပေးတယ်လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး ဗာဒီဟာ လက်ရှိမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၇) ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးမသွင်းခဲ့တော့တာပါပဲ။ ဗာဒီဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၉) ပွဲဆက် ဂိုး မသွင်းနိုင်ခဲ့တော့တာ ဖြစ်ပေမဲ့ နည်းပြ ရော်ဂျာကတော့ ဗာဒီအနေနဲ့ နေရာလွတ် ဖန်တီးပေးပါတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit: Goal

လက်စတာ နည်းပြ ရော်ဂျာဟာ သူ့ရဲ့ တိုက်စစ်မှူး ဗာဒီကို လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုနဲ့ နှှိုင်းယှဉ်ခဲ့ပြီး တိုက်စစ်မှူး ဖာမင်နိုလို နေရာလွတ် ဖန်တီးပေးနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၈) ဂိုးသာ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ရော်ဂျာရဲ့ လက်စတာစီးတီးအသင်းဟာ လက်ရှိရာသီမှာ ရမှတ် (၅၀) နဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ရော်ဂျာကတော့ ဗာဒီအနေနဲ့ ဂိုးပြန်သွင်းမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ရော်ဂျာက “သူ ဂိုးပြန်သွင်းမယ် ဆိုတာကို ကျွန်တော် သံသယ မရှိပါဘူး။ သူ ဂိုးတွေ ပြန်မသွင်းခင် အချိန်လိုအပ်ပါတယ်။ တစ်ခါတစ်လေ အခုလို ဖြစ်တတ်ပါတယ်။ လီဗာပူးလ်က ဖာမင်နိုကိုပဲ ကြည့်လိုက်ပါ။ သူ သွင်းဂိုး (၁၀) ဂိုးပဲ သွင်းထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လွမ်းမိုးမှု၊ သူ့ရဲ့ ပေးဆပ်မှု နဲ့ အခြား သူတွေ ကစားနိုင်အောင် နေရာလွတ် ဖန်တီးပေးပါတယ်။ ဗာဒီကို ကြည့်ရင် သူ ဂိုးမသွင်းတဲ့ အချိန်မှာ အခြားသူတွေအတွက် နေရာလွတ် ဖန်တီးပေးနိုင်ပါတယ်။ ဒါဟာ ကစားသမားတိုင်းရဲ့ တာဝန်ပါပဲ”လို့ ပြောသွားခဲ့ပါတယ်။ လက်စတာစီးတီးအသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် သောကြာနေ့ညမှာ နော်ဝှေ့ချ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားပြီးရင် အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ် အဖြစ် ဘာမင်ဟမ်အသင်းနဲ့ ကစားသွားမှာ ဖြစ်ပါတယ်။