ယခုနှစ် ဘောလုံးရာသီ မှာ ပရီးမီးယားလိဂ် ဆီ တန်းပြန် တက်လာ နိုင်ခဲ့တဲ့ လိဒ်ယူနိုက်တက် အသင်း ကတော့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဝေးလ်လက်ရွေးစင် တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ် ကို ခေါ်ယူဖို့ ကြိုးစားလာကြောင်း အင်္ဂလန် သတင်း မီဒီယာတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ရာသီ အစကမှ ဆွမ်ဆီးအသင်း ကနေ မန်ယူအသင်း ထံ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အသင်းကို ရောက်ကာစမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရသူ တစ်ဦးပါ။

Photo Credit: Standard

လိဒ်ယူနိုက်တက် အသင်း ကတော့ ပြီးခဲ့တဲ့ ရာသီမှာ ကတည်းက ဒန်နီရယ်ဂျိမ်းစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပြီး ဂျိမ်းစ်ဟာ မန်ယူအသင်းဆီက ကမ်းလှမ်းမှု မရသေးတဲ့ အချိန်မှာ လိဒ်ယူနိုက်တက် အသင်းဆီ ပြောင်းဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ လိဒ်ယူနိုက်တက် အသင်းဟာ မန်ယူအသင်းမှာ ပုံမှန် နေရာရဖို့ ရုန်းကန် နေရတဲ့ ဒန်နီရယ်ဂျိမ်းစ် ကို ခေါ်ယူဖို့ ဒုတိယအကြိမ် မြောက် ကြိုးစားလာခဲ့ပြီး အပြီးသတ် ခေါ်ယူဖို့ အဆင်မပြေပါက တစ်ရာသီ အငှား + ရာသီကုန် မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ အရ သိရှိ ရပါတယ်။

Photo Credit: Standard

လိဒ်ယူနိုက်တက် အသင်းနဲ့ နီးစပ်တဲ့ သတင်း ဌာန တစ်ခု ဖြစ်တဲ့ Leeds Live News သတင်းဌာနရဲ့ ဖော်ပြချက် အရ လိဒ်ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်သူ ဘီယဲလ်ဆာဟာ ဒန်နီရယ်ဂျိမ်းစ် ရဲ့ ခြေစွမ်းကို သဘောကျသူ တစ်ဦး ဖြစ်ပြီး မန်ယူအသင်း ကသာ ဂျိမ်းစ်ကို ပြောင်းရွှေ့ခွင့် ပေးမယ် ဆိုပါက ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆို ထားကြောင်း သိရပါတယ်။ မန်ယူအသင်းနဲ့ နီးစပ်သူတွေ ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ မန်ယူအသင်းဟာ ဒန်နီရယ်ဂျိမ်းစ်ကို အငှားနဲ့ စေလွှတ်ဖို့ စဉ်းစားခဲ့ဖူးပြီး ဆန်ချိုကို ရာသီသစ် မစမီ မခေါ်နိုင်ခဲ့တာကြောင့် ဂျိမ်းစ် ဟာ အသင်းမှာ ဆက်လက် ရှိနေတာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ထားကြပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ လိဒ်ယူနိုက်တက် အသင်းဟာ ဒန်နီရယ်ဂျိမ်းစ် ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ မန်ယူအသင်းဆီ ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ကာ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်ပါ ထည့်သွင်း နိုင်ကြောင်း သိရပါတယ်။