လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ဦးသာမက ငယ်စဉ်ကတည်းက လိဒ်စ်ယူနိုက်တက်အသင်းကို အားပေးလာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ဟာ လာမယ့်နွေမှာ အသင်းအပြောင်းအရွှေ့ လုပ်ဆောင်ခဲ့မယ်ဆိုရင် လိဒ်စ်ရဲ့ old rivalry ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းထက် မန်ချက်စတာစီးတီးအသင်းကိုသာ ရွေးချယ်သွားနိုင်တယ်လို့ The Mirror ကနေ ဖော်ပြသွားခဲ့ပါတယ်။

Newcastle and Aston Villa lead race for Kalvin Phillips - sources

Photo Credit : Football Insider

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး လိဒ်စ်မြို့ အနောက်ယော့ခ်ရှိုင်းယားဒေမှာ မွေးဖွားခဲ့သူလည်း ဖြစ်သလို အသက်(၁၄)နှစ်အရွှယ်မှာကတည်းက လိဒ်စ်အကယ်ဒမီကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ယော့ခ်ရှိုင်းယားပီယာလိုလို့ပါ တင်စားခေါ်ဆိုခံထားရတဲ့ ဖီးလစ်ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီကတည်းက လိဒ်စ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး အခုဆို လိဒ်စ်ရဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်နေရသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားခံနေရပါတယ်။

Kalvin Phillips will make difficult Leeds Utd call with transfer to Man Utd  or Man City looming

Photo Credit : TEAMtalk

CM နေရာမှာ ကစားတတ်သူဖြစ်တဲ့ ဖီးလစ်ဟာ ကွင်းလယ်ခံစစ်နေရာနဲ့ လိုအပ်ရင် ဗဟိုခံစစ်မှာပါ ကစားတတ်သူဖြစ်လို့ သူ့လို စွယ်စုံရ ကစားသမားမျိုးကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတွေအပြင် ဥရောပ ကလပ်အသင်းကြီးတွေပါ စိတ်ဝင်စားလို့နေပါတယ်။ ဒီအသင်းတွေထဲမှာတော့ ကယ်လ်ဗင်ဖီးလစ်နဲ့ သတင်းအထွက်ဆုံး မန်ချက်စတာယူနိုက်တက်အသင်း ဖြစ်နေပြီး ကွင်းလယ်ပိုင်းကို ပြန်လည်ပြုပြင်သွားရမယ့် ယူနိုက်တက်က ဖီးလစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ယူနိုတက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အားရစရာ အနေအထားမှာ ရှိမနေတဲ့အပြင် ပေါ့ဘာ မာတစ် မာတာ လင်ဂတ်တို့လို ကစားသမားတွေကပါ အသင်းနဲ့ လမ်းခွဲကြတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က ဖီးလစ်ကို အသည်းအသန် အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖီးလစ်ကို ယူနိုက်တက်ရဲ့ မြို့ခံအသင်း မန်စီးတီးကလည်း ပေါင်သန်း(၅၀)နဲ့ ခေါ်ယူသွားချုင်နေပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးသွားချင်နေပါတယ်။ ဒီလို အခြေအနေမှာ ဖီးလစ်အနေနဲ့ အသင်းပြောင်းရမယ်ဆိုရင် လိဒ်စ်ရဲ့ ခါးသီးပြိုင်ဘက် ယူနိုက်တက်ထက် စီးတီးကိုသာ ရွေးချယ်သွားနိုင်ပြီး သူရဲ့လက်ရှိကလပ် လိဒ်စ်ကလည်း တန်းဆင်းရတော့မယ့် အနေအထားမှာ ရှိနေတာဖြစ်လို့ လာမယ့်နွေစျေးကွက်ထဲ သေချာပေါက် အသင်းပြောင်းနိုင်ဖွယ် ရှိနေပါတယ်။