MySport Myanmar

ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် အကြမ်းတမ်းဆုံးအသင်း ဖြစ်နေရတဲ့ လိဒ်စ်ယူနိုက်တက်

လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အနီကတ်ပြစ်ဒဏ်ရော အဝါကတ်ပြစ်ဒဏ်မှာပါ စုစုပေါင်း ကတ်(၁၀၀)အထိကို ပြသထားခံရတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတလျှောက် တစ်ရာသီအတွင်း အနီကတ်နဲ့ အဝါကတ် အများဆုံး ပြသထားခံခဲ့ရတဲ့ ကလပ်အသင်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Telegraph

ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြစ်ဒဏ်ကျူးလွန်မှုပေါင်း အကြိမ်(၄၄၀)အထိကို ကျူးလွန်ခဲ့သလို အဝါကတ် (၉၇)ကတ်နဲ့ အနီကတ်ပေါင်း (၃)ကတ်အထိ ပြသခံခဲ့ရလို့ ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် အနီကတ် အဝါကတ် အကြိမ်ရေ အများဆုံး အပြခံရတဲ့ ကလပ်အသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Manchester Evening News

လက်ရှိမှာ အမှတ်ပေးဖယားရဲ့ အဆင့်(၁၈)နေရာကို ရောက်ရှိနေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ (၃၆)ပွဲ ကစားထားပြီးနောက် အဝါကတ်(၉၇)ကတ်အထိ ပြသထားခံရခြင်းမှာလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် စံချိန်တင် အဝါကတ် အများဆုံး ပြသခံရတဲ့ ပမာဏ ဖြစ်နေရသလို လက်ကျန်ပွဲနှစ်ပွဲမှာပါ အဝါကတ်(၃)ကတ်သာ ပြသခံရမယ်ဆိုရင် တစ်ရာသီထဲ အဝါကတ် စုစုပေါင်း (၁၀၀)အထိပါ ပြသခံရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အနီကတ်ပြစ်ဒဏ်ဘက်မှာတော့ (၃)ကတ်သာ ပြသထားခံရလို့ ဒီပမာဏက အများဆုံး မဟုတ်ခဲ့ပဲ ၁၉၉၈-၁၉၉၉ ဘောလုံးရာသီမှာ အနီကတ် (၆)ကြိမ်ထိ ပြသခံခဲ့ရတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကသာ တစ်ရာသီတည်း အနီကတ် ပမာဏ အများဆုံး ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ပရီးမီးယားလိဂ်ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရတဲ့ လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းသွားရဖို့ လက်ကျန်ပွဲစဉ်တြွေုဖစ်တဲ့ ဘရိုက်တန် ဘရန့်ဖို့ဒ်တို့ပွဲစဉ်မှာ ရလဒ်ကောင်းတွေ မဖြစ်မနေ ရယူသွားဖို့ လိုအပ်နေပြီး အဆင့်(၁၇)နဲ့ (၁၆)နေရာတို့က ဘန်လေ အဲဗာတန်အသင်းတွေက လိဒ်စ်ထက် လက်ကျန်ပွဲ(၃)ပွဲတောင် ကစားရဦးမှာဖြစ်လို့ လိဒ်စ်ရဲ့ လက်ရှိအနေအထားက တန်းဆင်းသွားရဖို့ အနီးစပ်ဆုံး ဖြစ်နေရပါတယ်။

Exit mobile version