အသင်းရဲ့ ပင်တိုင်ဂိုးသမား ဒေးဗစ်ဒဟေးယားအလွန် သူရဲ့နေရာမှာ အစားထိုးနိုင်မယ့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ပြင်သစ်ဂိုးသမား အီလန်မယ်လီယေကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့် လိဒ်စ်အသင်းဘက်ကတော့ မယ်လီယေက သူတို့အသင်းအတွက် အဓိက အရေးပါတဲ့ ကစားသမား ဖြစ်နေတာကြောင့် လုံးဝ ရောင်းချသွားမှာ မဟုတ်ဘူးလို့ အသိပေးလိုက်ပါတယ်။

Image

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်း အသင်းရဲ့ အရန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားချပြီး အသင်းရဲ့ ဂိုးပေါက်မှာ ဒဟေးယားနဲ့ သူရဲ့ back-up အဖြစ် တွမ်ဟီတန်တို့ကို အသုံးပြုသွားဖို့ စီစဉ်ထားခဲ့ရာ ဒဟေးယားက ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်တဲ့ ပွဲစဉ်မှာပဲ သူရဲ့ individual errors တွေ အရမ်းများလွန်းတာကြောင့် ဈေးကွက်မပိတ်ခင်မှာပဲ ဂိုးသမားတစ်ဦးကိုပါ ခေါ်ယူသွားရဖို့ လိုအပ်လာခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ဂိုးသမားတစ်ဦးကို ဒဟေးယားနောက် ဒုတိယ ဦးစားပေးအဖြစ် ခေါ်ယူလို့ မရတော့ပဲ အသင်းဂိုးပေါက်မှာ ဒဟေးယားနဲ့ နေရာအပြိုင်လုနိုင်မယ့် ဂိုးသမားမျိုး ဒါမှမဟုတ် ဒဟေးယား အသင်းမှာ မရှိတော့တဲ့အချိန် သူ့နေရာကို အစားဝင်နိုင်မယ့် ဂိုးသမားမျိုးကို ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။

Leeds heading for Meslier nightmare | FootballFanCast.com

Photo Credit : FootballFanCast

ဒီ့အတွက် ယူနိုက်တက်အသင်းက လိဒ်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ မယ်လီယေကို ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အခုလ်ို ဂိုးသမားတစ်ဦး အလိုရှိလာချိန်မှာတော့ မယ်လီယေကို ခေါ်ယူဖို့အထိ စီစဉ်လာခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက်ဘက်ကတော့ မယ်မီယေကို အသင်းပရောဂျက်ရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားတာ ဖြစ်သလို လုံးဝရောင်းချမှာ မဟုတ်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားလို့ ယူနိုက်တက်ရဲ့ စုံစမ်းကမ်းလှမ်းမှုတွေ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေကို လုပ်ဆောင်သွားဖို့ ဆန္ဒမရှိကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ဂိုးသမားတစ်ဦးလောက် ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် မိုချန်ဂလာဘတ်အသင်းရဲ့ ဆွစ်ဇာလန်ဂိုးသမား ဆွန်းမားကို ချိန်ရွယ်နေပြီး ဆွန်းမားကို ဂလာဘတ်အသင်းကနေ စာချုပ်သစ် ချုပ်ဆိုသွားဖို့ စီစဉ်နေတာဖြစ်လို့ ဆွန်းမားကို ခေါ်ယူဖို့ကလည်း ခက်ခဲရဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အနေနဲ့ ဂိုးသမား ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းတွေအတွက် ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ ဈေးကွက်အတွင်းမှာ ဝင်ရောက်လှုပ်ရှားနေကြပေမယ့် အခုထိတော့ ကစားသမား ခေါ်ယူနိုင်ဖို့က အခြေအနေ သိပ်မကောင်းသေးပဲ ဖြစ်နေရပါတယ်။