ပြီးခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်(၁၇) ကျင်းပခဲ့စဉ်တုန်းက ဆော်ဒီအာရေဗျနိုင်ငံမှာ အီတလီစူပါဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို ဂျုဗင်တပ်စ်အသင်းနဲ့ ဆင်နွဲနေရခဲ့တဲ့ လာဇီယိုအသင်းဟာ ဗီရိုနာအသင်းနဲ့ ကစားရမယ့် စီးရီးအေပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရလို့ မနေ့ညကမှ အဲ့ဒီပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒီပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အင်တာမီလန်အသင်းရဲ့ အဆင့်၂နေရာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပေမယ့်လည်း တကယ်တမ်းမှာတော့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဗီရိုနာကို အနိုင်မယူနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့သာ ရမှတ်တစ်မှတ်ကိုပဲ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Sempre Milan

လာဇီယိုအသင်းဟာ ဒီရာသီမှာ အီတလီစီးရီးအေပွဲစဉ်ပေါင်း ၂၂ပွဲအထိ ကစားနိုင်ခဲ့ပြီး ၁၅ပွဲကို အနိုင်ရထားခဲ့ကာ ၂ပွဲပဲ ရှံးနိမ့်ထားခဲ့သလို လက်ကျန်၅ပွဲကို သရေကျထားခဲ့ပါတယ်။ လက်ရှိမှာ ရမှတ်၅၀အထိ ရယူထားခဲ့တဲ့ လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၆ရက်နေ့မှာ အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် စီးရီးအေမှာ လုံးဝကို ရှံးပွဲလုံးဝမရှိတော့ပဲ မနေ့ညက ကစားခဲ့တဲ့ ဗီရိုနာနဲဲ့ပွဲစဉ်အပါအဝင် စီးရီးအေ ၁၇ပွဲဆက်တိုက် ရှံးပွဲမရှိထားခဲ့ရပါဘူး။ ဒီစံချိန်ဟာ လွန်ခဲ့တဲ့ အနှစ်၂၀လောက်တုန်းက လာဇီယိုအသင်း သမိုင်းတလျှောကင် ပိုင်ဆိုင်ခဲ့တဲ့ ရှံးပွဲမရှိစံချိန်ဟောင်းတစ်ခုရဲဲ့ပမာဏနဲ့ တူညီသွားခဲ့ရပါတယ်။

Photo Credit : Sempre Milan

၁၉၉၉ခုနှစ် ဧပြီလတုန်းက လာဇီယိုအသင်းကို ဆွီဒင်လူမျိုးနည်းပြ ဆဗန်ဂိုရန်အဲရစ်ဆင် ကိုင်တွယ်နေတုန်းက လာဇီယိုအသင်းဟာ အခုလိုပဲ စီးရီးအေမှာ ၁၇ပွဲဆက်တိုက် ရှံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။ လာဇီယိုဟာ လက်ရှိဘောလုံရာသီမှာတော့ အီတလီယာဖလားပြိုင်ပွဲကနေရော ယူရိုပါလိဂ်ဖလားပြိုင်ပွဲကနေပါ စောစောစီးစီး ထွက်ခွာထားခဲ့ရပေမယ့် စီးရီးအေမှာတော့ ရာသီအစပိုင်းလောက်ကတည်းက အပြည့်အဝအာရုံစိုက်နေခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်မှာ ၂သင်းတည်း မင်းမူနေတဲ့ ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းနားကို ကပ်မှန်းမသိ ကပ်လာခဲ့ပြီး အခုဆိုရင် အဆင့်၂နေရာက အင်တာနဲ့ ရမှတ်၁မှတ် ထိပ်ဆုံးက ဂျုဗင်တပ်စ်အသင်းနဲ့ ရမှတ်၄မှတ်သာ ကွာဟနေတော့ဖြစ်ပြီး တိုက်စစ်မှူးအင်မိုဘီလီရဲ့သွင်းဂိုးတွေအပါအဝင် တိုက်စစ်စွမ်းရည်ကောင်းမွန်နေတာကြောင့် ဒီရာသီ စီးရီးအေမှာ အတ္တလန်တာပြီးရင် သွင်းဂိုးအများဆုံးအသင်းအဖြစ်ပါ ရပ်တည်လို့နေပါတယ်။