ယေန႔ည စီးရီးေအပြဲစဥ္ေတြထဲမွာ အသင္းႀကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံတဲ့ ပြဲစဥ္ တစ္ပြဲျဖစ္တဲ့ လာဇီယိုအသင္းနဲ႔ နာပိုလီအသင္းတို႔ရဲ့ ေရာမေျမက တိုက္ပြဲမွာေတာ့ အိမ္ရွင္ လာဇီယိုအသင္းဟာ ဧည့္သည္ နာပိုလီအသင္းကို ဂိုးသြင္းဘုရင္ အမ္မိုဘိုင္းလီရဲ့ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔အတူ အနိုင္ယူခဲ့ပါတယ္။

Photo Credit: ANSA.com

ေရာမေျမမွာ ကစားရတဲ့ပြဲစဥ္ျဖစ္တာနဲ႔အညီ ဒီေန႔ပြဲစဥ္မွာ အိမ္ရွင္လာဇီယိုအသင္းဟာ နာပိုလီအသင္းကို ပြဲခ်ိန္ျပည့္နီးပါး ဦးေဆာင္ ကစားသြားနိုင္ခဲ့ၿပီး နာပိုလီအသင္းရဲ့ ဂိုးသမား ေအာ့ပီနာရဲ့ လက္စြမ္းေတြေၾကာင့္သာ နာပိုလီအသင္းဟာ သက္သာခဲ့ရတာပါ။ ဂတ္တူဆိုရဲ့ နာပိုလီအသင္းဟာ ယေန႔ပြဲစဥ္မွာေတာ့ ခံစစ္ပိုင္းကိုသာ ဦးတည္ကာ ကစားခဲ့ရၿပီး တိုက္စစ္ပိုင္းမွာလည္း လိုအပ္ခ်က္ေတြ မ်ားျပားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Photo Credit: ANSA.com

လာဇီယိုအသင္းအတြက္ တစ္လုံးတည္းေသာ အနိုင္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၈၁မိနစ္မွာ နာပိုလီဂိုးသမား ေအာ့ပီနာရဲ့ အမွားကေန အမ္မိုဘိုင္းလီက သြင္းယူေပးနိုင္ခဲ့တာပါ။ ဒီေန႔ပြဲစဥ္မွာ အနိုင္ရခဲ့တာေၾကာင့္ လာဇီယိုအသင္းဟာ စီးရီးေအၿပိဳင္ပြဲရဲ့ အဆင့္၃ေနရာမွာ ရမွတ္ ၄၂မွတ္နဲ႔ ရပ္တည္နိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ က်ိန္းေသသေလာက္ရွိေနသလို စီးရီးေအ ခ်န္ပီယံဆုအတြက္လည္း ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္အသင္းတို႔ကို သုံးမွတ္အကြာနဲ႔ လိုက္လံ ဖိအားေပးနိုင္ခဲ့ပါတယ္။

ယနေ့ည စီးရီးအေပွဲစဉ်တွေထဲမှာ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ လာဇီယိုအသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ရောမမြေက တိုက်ပွဲမှာတော့ အိမ်ရှင် လာဇီယိုအသင်းဟာ ဧည့်သည် နာပိုလီအသင်းကို ဂိုးသွင်းဘုရင် အမ်မိုဘိုင်းလီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်ယူခဲ့ပါတယ်။

Photo Credit: ANSA.com

ရောမမြေမှာ ကစားရတဲ့ပွဲစဉ်ဖြစ်တာနဲ့အညီ ဒီနေ့ပွဲစဉ်မှာ အိမ်ရှင်လာဇီယိုအသင်းဟာ နာပိုလီအသင်းကို ပွဲချိန်ပြည့်နီးပါး ဦးဆောင် ကစားသွားနိုင်ခဲ့ပြီး နာပိုလီအသင်းရဲ့ ဂိုးသမား အော့ပီနာရဲ့ လက်စွမ်းတွေကြောင့်သာ နာပိုလီအသင်းဟာ သက်သာခဲ့ရတာပါ။ ဂတ်တူဆိုရဲ့ နာပိုလီအသင်းဟာ ယနေ့ပွဲစဉ်မှာတော့ ခံစစ်ပိုင်းကိုသာ ဦးတည်ကာ ကစားခဲ့ရပြီး တိုက်စစ်ပိုင်းမှာလည်း လိုအပ်ချက်တွေ များပြားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: ANSA.com

လာဇီယိုအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၈၁မိနစ်မှာ နာပိုလီဂိုးသမား အော့ပီနာရဲ့ အမှားကနေ အမ်မိုဘိုင်းလီက သွင်းယူပေးနိုင်ခဲ့တာပါ။ ဒီနေ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် လာဇီယိုအသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ အဆင့်၃နေရာမှာ ရမှတ် ၄၂မှတ်နဲ့ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကျိန်းသေသလောက်ရှိနေသလို စီးရီးအေ ချန်ပီယံဆုအတွက်လည်း ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတို့ကို သုံးမှတ်အကွာနဲ့ လိုက်လံ ဖိအားပေးနိုင်ခဲ့ပါတယ်။