MySport Myanmar

လေ့ကျင့်ရေး ပြန်ဆင်းရင်း ဒဏ်ရာ ထပ်ရသွားခဲ့တဲ့ ချယ်လ်ဆီး ကွင်းလယ်လူ လာဗီယာ

ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမားသစ် ရိုမီယို လာဗီယာဟာ အသင်းကို စတင် ရောက်ရှိလာချိန်ကတည်းက ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိတဲ့အပြင် အခုလည်း အသင်း လေ့ကျင့်ရေး အစီအစဉ်မှာပါ ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ ဆောက်သမ်တန်ကနေ ချယ်လ်ဆီးအသင်းဆီ ပေါင် (၅၈)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယံ ဆယ်ကျော်သက် ကွင်းလယ်လူ လာဗီလာဟာ ချယ်လ်ဆီးကို စရောက်ချိန်ကတည်းက အသင်းနဲ့ လေ့ကျင့်ခန်းလည်း မဆင်းနိုင် ပွဲလည်း မကစားနိုင်သေးပဲ အနားယူနေခဲ့ရပါတယ်။

Photo Credit : Twitter

ဒီလို အနားယူနေရာကနေ ပြန်လည် သက်သာလာလို့ ဒီနေ့မှာပဲ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့ရင်း ခြေကျင်းဝတ် ဒဏ်ရာ ထပ်ရသွားခဲ့တာကြောင့် ချယ်လ်ဆီးအတွက် ပွဲထွက်ကစားပေးဖို့ ထပ်မံ စောင့်ဆိုင်းရဖွယ် ရှိနေရပါတယ်။

အသက် (၁၉)နှစ်သားလေး လာဗီယာဟာ ပြီးခဲ့တဲ့နှစ် နွေကမှ မန်စီးတီးကနေ ဆောက်သမ်တန်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး တစ်ရာသီအတွင်းမှာပဲ သူ့အရည်အသွေးတွေကို ပြသနိုင်ခဲ့တာကြောင့် သူ့ကို လီဗာပူးလ် အာဆင်နယ် မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ အပြိုင်လိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : Twitter

လာဗီလာက ပြီးခဲ့တဲ့နွေမှာ လီဗာပူးလ်အသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် ချယ်လ်ဆီးက လီဗာပူးလ်ရဲ့ ပစ်မှတ်တွေဖြစ်တဲ့ လာဗီလာရော ကိုင်စီဒိုပါ တစ်ပါတည်း အရ ခေါ်သွားခဲ့တာကြောင့် လီဗာပူးလ်က အန်ဒို ဂရာဗန်ဘက်ချ်တို့ကို ထပ်မံ ခေါ်ယူခဲ့ရပါတယ်။

အခုတော့ ကွင်းလယ်ခံစစ် ကစားသမားလေး လာဗီယာက သူရဲ့ကလပ်အသင်းသစ် ချယ်လ်ဆီးအတွက် ပွဲဦးထွက် ကစားပေးဖို့ ထပ်မံ စောင့်ဆိုင်းရဦးမှာဖြစ်ပြီး အခုလည်း ခြေချင်းဝတ် ဒဏ်ရာကြောင့် ကာလဘယ်လောက်အထိ အနားယူရဦးမလဲဆိုတာ မသိရသေးပဲ ဖြစ်နေပါတယ်။

Exit mobile version