MySport Myanmar

ဆောက်သမ်တန်ကြယ်ပွင့် လာဗီယာကို ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တဲ့ လီဗာပူး

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ယမန်နှစ်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားရတဲ့ ဆောက်သမ်တန်ရဲ့ လူငယ်ကြယ်ပွင့် လာဗီယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူတွေ ဖြစ်တဲ့ မီလ်နာ ၊ နာဘီကီတာ ၊ ချိန်ဘာလိန် စတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် အာဂျင်တီးနား ကွင်းလယ်ကြယ်ပွင့် အယ်လစ္စတာနဲ့ ဟန်ဂေရီ ကွင်းလယ်ကြယ်ပွင့် ဆိုဘော့ဇလိုင်းတို့ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၁၁၂သန်း အထိ သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Standard

လီဗာပူးက ကွင်းလယ်လူသစ် နှစ်ဦး ခေါ်ယူထားပြီး ဖြစ်ပေမယ့် အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖာဘင်ဟိုတို့ကို ဆော်ဒီအသင်း နှစ်သင်းဆီ ရောင်းချဖို့ သဘောတူထားတာကြောင့် ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ရဲ့ နေရာတွေကို အစားဝင်နိုင်မယ့် ကွင်းလယ်လူတွေကို လိုက်လံ ရှာဖွေနေပါတယ်။

လက်ရှိမှာတော့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာ ၊ နိုက်စ် ကွင်းလယ်လူ သူရမ်တို့ အပါအဝင် ကွင်းလယ်လူ အများအပြားကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး လီဗာပူးနည်းပြ ယာဂင် ကလော့ပ်ရဲ့ စိတ်ကြိုက် ကစားသမားက လာဗီယာပဲ ဖြစ်ပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ လီဗာပူးက ယနေ့ နေ့လယ်ပိုင်းမှာပဲ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် လာဗီယာက လီဗာပူးဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီး လီဗာပူးဟာ လာဗီယာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ဆောက်သမ်တန်နဲ့ သဘောတူညီမှု ရရှိရန်သာ လိုအပ်တော့ကြောင်း သိရပါတယ်။

ဆောက်သမ်တန်က အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အထိ တောင်းဆိုနေပြီး လီဗာပူးကတော့ လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းသာ ပေးချေချင်နေပါတယ်။

Exit mobile version