၂၀၀၀ျပည့္ႏွစ္ကေနစတင္ၿပီး ႏွစ္စဥ္ႏွစ္တုိင္း အားကစားနယ္ပယ္အတြင္း ထူးခြ်န္ထက္ျမက္လြန္းတဲ႔ အားကစားသမားေတြထဲကမွ အထူးခြ်န္ဆုံးတစ္ေယာက္ကုိ ေရြးခ်ယ္ၿပီး ခ်ီးျမွင့္ေလ့ရွိတဲ႔  Laureus World Sports Award ရဲ႕ ၂၀၂၀ခုႏွစ္ရဲ႕ အႀကိမ္၂၀ေျမာက္ ဆုေပးပြဲအတြက္ ေနာက္ဆုံးဆန္ခါတင္စာရင္း ထြက္ရွိလာခ်ိန္မွာ  ကမာၻေက်ာ္အားကစားသမား ၆ေယာက္က ဆန္ခါတန္စာရင္းမွာ ပါဝင္လာခဲ႔ကာ ဒီဆန္ခါတန္စာရင္းမွာ ဘာစီလုိနာအသင္းရဲ႕တုိက္စစ္ကစားသမား လီယြန္နယ္မက္ဆီက ေဘာလုံးနယ္ပယ္ကေန ဒီဆန္ခါတင္စာရင္းမွာ ပါဝင္လာခဲ႔ရတဲ႔ တစ္ဦးတည္းေသာ ေဘာလုံးသမား ျဖစ္လာခဲ႔ရပါတယ္။

Photo Credit : 9SportPro

အႏွစ္ႏွစ္ဆယ္ေျမာက္အျဖစ္ က်င္းပျပဳလုပ္သြားမယ့္ Laureus World Sports Award အားကစားဆုေပးပြဲကုိ လာမယ့္ ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔မွာ ဂ်ာမနီနုိင္ငံ ဘာလင္ၿမိဳ႕အတြင္း စည္းကားသုိက္ၿမိဳက္စြာ က်င္းပသြားမွာျဖစ္ၿပီး ဒီဆုေပးပြဲအတြက္ ဆန္ခါတင္စာရင္းမွာ Formula one ကားေမာင္းသမား လူးဝစ္ဟာမီတန္ ေမာ္ေတာင္ဆုိင္ကယ္ေမာင္းသမား မက္စ္မားကြက္စ္ ကမာၻေက်ာ္တင္းနစ္ကစားသမား ရာေဖးနာဒယ္ ကမာၻေက်ာ္ေဂါ့ဖ္ကစားသမား တုိက္ဂါးဝုဒ္ ကင္ညာႏုိင္ငံက အေျပးသမား အဲလီယက္စ္ေခ်ာဂီနဲ႔ အာဂ်င္တီးနားႏုိင္ငံသား ကမာၻေက်ာ္ေဘာလုံးသမား မက္ဆီတုိ႔ ပါဝင္လာခဲ႔ၾကတာျဖစ္ၿပီး ပရိသတ္ေတြရဲ႕မဲေပးေရြးခ်ယ္မႈနဲ႔ ဆုရရွိသူကုိ ေရြးခ်ယ္သြားမွာပဲျဖစ္ပါတယ္။

Photo Credit : Getty Images

Laureus World Sports Award ဆုိတာ မက္ဆီရရွိခဲ႔ဖူးတဲ႔ ဆုေပါင္းမ်ားစြာထဲမွာ မပါဝင္ခဲ႔တဲ႔ ရွားရွားပါးပါး ဆုတစ္ခုျဖစ္ၿပီးေတာ့ ဒီဆုဟာ ေဘာလုံးသမားေတြနဲ႔ နီးစပ္ခဲ႔ဖူးျခင္းမရွိတဲ႔ ဆုႀကီးတစ္ဆုျဖစ္ၿပီးေတာ့ တင္းနစ္ကစားသမား ၿပိဳင္ကားေမာင္းသမား တာတုိအေျပးသမားေတြသာ ဒီဆုကုိ အႀကိမ္ႀကိမ္ပုိင္ဆုိင္ခဲ႔ရတာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ကလည္း ဒီဆုေပးပြဲမွာ ဆန္ခါတင္စာရင္းအထိ ပါဝင္ႏုိင္ခဲ႔ဖူးၿပီး တကယ္လုိ႔ ဒီဆုကုိသာ ရရွိလုိက္မယ္ဆုိရင္ေတာ့ ေဘာလုံးသမားေတြထဲကမွ Laureus ဆုကုိ တစ္ဦးတည္းသာ ပုိင္ဆုိင္ခဲ႔ဖူးတဲ႔သူအျဖစ္ သမုိင္းသစ္ေရးထုိးႏုိင္မွာျဖစ္ပါတယ္။ မက္ဆီဟာ ၿပီးခဲ႔တဲ့ႏွစ္အတြင္းမွာ ဖီဖာအေကာင္းဆုံးဆု ဘလြန္းဒီေအာဆု ဥေရာပေရႊဖိနပ္ဆုေတြလုိ ဆုေပါင္းမ်ားစြာကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ၿပီး သူရဲ႕ေဘာလုံးသမားဘဝ သြင္းဂုိး၆၀၀ကုိ ရယူႏုိင္ခဲ႔သလုိ ဒီရာသီမွာလည္း ဘာစီလုိနာအတြက္ သြင္းဂုိးေတြကုိ ဆက္တုိက္သြင္းယူထားခဲ႔လုိ႔ မက္ဆီအေနနဲ႔ အႀကိမ္၂၀ေျမာက္ Laureus World Sports Award ဆုေပးပြဲမွာ ဆုပုိင္ဆုိင္ဖုိ႔ အေျခအေနေကာင္းလုိ႔ေနၿပီး ကင္ညာအေျပးသမားနဲ႔ အၿပိဳင္ေရပန္းစားလုိ႔ေနပါတယ္။

(Unicode)

Laureus ဆုရဲ့ဆန်ခါတင်စာရင်းမှာ တစ်ဦးတည်းသော ဘောလုံးသမားအဖြစ် မက်ဆီပါဝင်

၂၀၀၀ပြည့်နှစ်ကနေစတင်ပြီး နှစ်စဉ်နှစ်တိုင်း အားကစားနယ်ပယ်အတွင်း ထူးချွန်ထက်မြက်လွန်းတဲ့ အားကစားသမားတွေထဲကမှ အထူးချွန်ဆုံးတစ်ယောက်ကို ရွေးချယ်ပြီး ချီးမြှင့်လေ့ရှိတဲ့  Laureus World Sports Award ရဲ့ ၂၀၂၀ခုနှစ်ရဲ့ အကြိမ်၂၀မြောက် ဆုပေးပွဲအတွက် နောက်ဆုံးဆန်ခါတင်စာရင်း ထွက်ရှိလာချိန်မှာ  ကမ္ဘာကျော်အားကစားသမား ၆ယောက်က ဆန်ခါတန်စာရင်းမှာ ပါဝင်လာခဲ့ကာ ဒီဆန်ခါတန်စာရင်းမှာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက ဘောလုံးနယ်ပယ်ကနေ ဒီဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ရတဲ့ တစ်ဦးတည်းသော ဘောလုံးသမား ဖြစ်လာခဲ့ရပါတယ်။

Photo Credit : 9SportPro

အနှစ်နှစ်ဆယ်မြောက်အဖြစ် ကျင်းပပြုလုပ်သွားမယ့် Laureus World Sports Award အားကစားဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ဂျာမနီနိုင်ငံ ဘာလင်မြို့အတွင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ဒီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာ Formula one ကားမောင်းသမား လူးဝစ်ဟာမီတန် မော်တောင်ဆိုင်ကယ်မောင်းသမား မက်စ်မားကွက်စ် ကမ္ဘာကျော်တင်းနစ်ကစားသမား ရာဖေးနာဒယ် ကမ္ဘာကျော်ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ် ကင်ညာနိုင်ငံက အပြေးသမား အဲလီယက်စ်ချောဂီနဲ့ အာဂျင်တီးနားနိုင်ငံသား ကမ္ဘာကျော်ဘောလုံးသမား မက်ဆီတို့ ပါဝင်လာခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုနဲ့ ဆုရရှိသူကို ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

Laureus World Sports Award ဆိုတာ မက်ဆီရရှိခဲ့ဖူးတဲ့ ဆုပေါင်းများစွာထဲမှာ မပါဝင်ခဲ့တဲ့ ရှားရှားပါးပါး ဆုတစ်ခုဖြစ်ပြီးတော့ ဒီဆုဟာ ဘောလုံးသမားတွေနဲ့ နီးစပ်ခဲ့ဖူးခြင်းမရှိတဲ့ ဆုကြီးတစ်ဆုဖြစ်ပြီးတော့ တင်းနစ်ကစားသမား ပြိုင်ကားမောင်းသမား တာတိုအပြေးသမားတွေသာ ဒီဆုကို အကြိမ်ကြိမ်ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ကလည်း ဒီဆုပေးပွဲမှာ ဆန်ခါတင်စာရင်းအထိ ပါဝင်နိုင်ခဲ့ဖူးပြီး တကယ်လို့ ဒီဆုကိုသာ ရရှိလိုက်မယ်ဆိုရင်တော့ ဘောလုံးသမားတွေထဲကမှ Laureus ဆုကို တစ်ဦးတည်းသာ ပိုင်ဆိုင်ခဲ့ဖူးတဲ့သူအဖြစ် သမိုင်းသစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဖီဖာအကောင်းဆုံးဆု ဘလွန်းဒီအောဆု ဥရောပရွှေဖိနပ်ဆုတွေလို ဆုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သူရဲ့ဘောလုံးသမားဘဝ သွင်းဂိုး၆၀၀ကို ရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ဘာစီလိုနာအတွက် သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူထားခဲ့လို့ မက်ဆီအနေနဲ့ အကြိမ်၂၀မြောက် Laureus World Sports Award ဆုပေးပွဲမှာ ဆုပိုင်ဆိုင်ဖို့ အခြေအနေကောင်းလို့နေပြီး ကင်ညာအပြေးသမားနဲ့ အပြိုင်ရေပန်းစားလို့နေပါတယ်။