ချယ်လ်ဆီး အမျိုးသမီးအသင်း နဲ့ လီဗာပူးလ် အမျိုးသမီးအသင်းတို့ရဲ့ Women Super League အမှတ်ပေးပွဲစဉ်အတွင်း ချယ်လ်ဆီး အမျိုးသမီးအသင်းက (၅)ဂိုး (၁)ဂိုးနဲ့ကို အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲစဉ်အတွင်း ချယ်လ်ဆီး အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး လော်ရန်ဂျိမ်းစ်က ချယ်လ်ဆီးအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း (၁)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး ဒီပွဲရဲ့ Man of the Match ဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Sporting News

အသက် (၂၂)နှစ်အရွယ် တိုက်စစ်ကစားသမား လော်ရန်ဂျိမ်းစ်ဟာ ချယ်လ်ဆီး ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့ ညီမတစ်ဦးဖြစ်ပြီး ဒီမောင်နှမ နှစ်ဦးစလုံးဟာလည်း လက်ရှိမှာ ချယ်လ်ဆီးအသင်းအပြင် အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ပါဝင်နေရသူတွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လော်ရန်ဂျိမ်းစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲအထိ ပါဝင်ကစားထားရင်း သွင်းဂ်ိုး (၄)ဂိုးအထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုလည်း (၁)ကြိမ် လုပ်ဆောင်ထားနိုင်ပါတယ်။

Photo Credit : Sky Sports

တကယ်တော့ လော်ရန်ဂျိမ်းစ်ဟာ အာဆင်နယ်အသင်းနဲ့အတူ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အမျိုးသမီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပွဲဦးထွက်ရာသီမှာ ဂိုးတွေသွင်း ခြေစွမ်းတွေပြရင်းနဲ့ အသင်းကိုလည်း WSL အထိ ရောက်ရှိအောင်ပါ စွဲတင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ (၃)ရာသီအထိ ကျင်လည်ပြီးချိန်မှာတော့ အစ်ကိုဖြစ်သူ ရီးစ်ဂျိမ်းစ်ရှိရာ ချယ်လ်ဆီးအသင်းဆီ (၄)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ လော်ရန်ဂျိမ်းစ်ဟာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၅၂)ပွဲကစား (၁၃)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။