ကဲ ဒီေန႔ဟာဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ခ်စ္တဲ့ ဥေရာပ ေဘာလုံးေလာကရဲ့ ဇန္နဝါရီကာလ အေျပာင္းအေရႊ႕ရဲ့ ေနာက္ဆုံးေန႔ရက္ပဲ ျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ရာသီေတြရဲ့ ထုံးစံလို႔ ေျပာရမယ့္ ေနာက္ဆုံးရက္မွာ အေျပာင္းအေရႊ႕ေပါင္းမ်ားစြာကို ျမင္ေတြ႕ဖို႔လည္း ရွိပါတယ္။ ဒီတစ္ခါမွာေတာ့ ကၽြန္ေတာ္က မၾကာခင္မွာ ျဖစ္ေပၚလာဖြယ္ရွိေနတဲ့ အေျပာင္းအေရႊ႕ေတြကို စုစည္းတင္ဆက္ေပးသြားခ်င္ပါတယ္။

Photo Credit: Football London.com

ဆီဒရစ္ > အာဆင္နယ္

ေဆာက္သမ္တန္အသင္းရဲ့ ညာေနာက္ခံလူ ဆီဒရစ္ရဲ့ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕မွုဟာ မၾကာမီနာရီပိုင္းအတြင္းမွာပဲ အၿပီးသတ္ဖို႔ ရွိေနပါတယ္။ ဆီဒရစ္ဟာ ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႔ အာဆင္နယ္ထံကို ေျပာင္းေရႊ႕လာမွာလဲ ျဖစ္ပါတယ္။

Photo Credit: Football London.com

မာတင္စ္ > ခ်ယ္လ္ဆီး

နာပိုလီအသင္းကေန ထြက္ခြာခြင့္ရရွိထားတဲ့ ဘယ္လ္ဂ်ီယံသား မာတင္စ္ဟာ ခ်ယ္လ္ဆီးနဲ႔ ေနာက္ဆုံးအဆင့္ ေဆြးေႏြးမွုေတြကို ေဆြးေႏြးေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။ လက္ရွိ ထြက္ေပၚေနတဲသတင္းေတြအရ ခ်ယ္လ္ဆီးအသင္းဟာ မာတင္စ္ကို ေပါင္ ၅သန္း ဝန္းက်င္နဲ႔ ေခၚယူမွာလို႔ သိရပါတယ္။

Photo Credit: Football London.com

အမ္မရီခ်န္ > ေဒါ့မြန္

ဂ်ဴဗင္တပ္အသင္းကေန ထြက္ခြာခြင့္ရရွိထားတဲ့ အမ္မရီခ်န္ဟာ ဒီေန႔မွာပဲ ဂ်ာမဏီ ကလပ္အသင္းျဖစ္တဲ့ ေဒါ့မြန္ထံကို အၿပီးသတ္ ေျပာင္းေရႊ႕ဖို႔ရွိေနပါတယ္။ ေဒါ့မြန္အသင္းဟာ သူတို႔ရဲ့တိုက္စစ္မွူး အယ္ကာဆာကို ဗီလာရီးရဲ အသင္းထံ ေရာင္းခ်ခဲ့အၿပီး ရရွိခဲ့တဲ့ ေငြေၾကးနဲ႔ အမ္မရီခ်န္ကို ေခၚယူမွာျဖစ္တယ္လို႔ သိထားရပါတယ္။

ကဲ ဒီနေ့ဟာဆိုရင်တော့ ကျွန်တော်တို့ချစ်တဲ့ ဥရောပ ဘောလုံးလောကရဲ့ ဇန်နဝါရီကာလ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်ပဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ရာသီတွေရဲ့ ထုံးစံလို့ ပြောရမယ့် နောက်ဆုံးရက်မှာ အပြောင်းအရွှေ့ပေါင်းများစွာကို မြင်တွေ့ဖို့လည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က မကြာခင်မှာ ဖြစ်ပေါ်လာဖွယ်ရှိနေတဲ့ အပြောင်းအရွှေ့တွေကို စုစည်းတင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit: Football London.com

ဆီဒရစ် > အာဆင်နယ်

ဆောက်သမ်တန်အသင်းရဲ့ ညာနောက်ခံလူ ဆီဒရစ်ရဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့မှုဟာ မကြာမီနာရီပိုင်းအတွင်းမှာပဲ အပြီးသတ်ဖို့ ရှိနေပါတယ်။ ဆီဒရစ်ဟာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ အာဆင်နယ်ထံကို ပြောင်းရွှေ့လာမှာလဲ ဖြစ်ပါတယ်။

Photo Credit: Football London.com

မာတင်စ် > ချယ်လ်ဆီး

နာပိုလီအသင်းကနေ ထွက်ခွာခွင့်ရရှိထားတဲ့ ဘယ်လ်ဂျီယံသား မာတင်စ်ဟာ ချယ်လ်ဆီးနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲသတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ မာတင်စ်ကို ပေါင် ၅သန်း ဝန်းကျင်နဲ့ ခေါ်ယူမှာလို့ သိရပါတယ်။

Photo Credit: Football London.com

အမ်မရီချန် > ဒေါ့မွန်

ဂျူဗင်တပ်အသင်းကနေ ထွက်ခွာခွင့်ရရှိထားတဲ့ အမ်မရီချန်ဟာ ဒီနေ့မှာပဲ ဂျာမဏီ ကလပ်အသင်းဖြစ်တဲ့ ဒေါ့မွန်ထံကို အပြီးသတ် ပြောင်းရွှေ့ဖို့ရှိနေပါတယ်။ ဒေါ့မွန်အသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး အယ်ကာဆာကို ဗီလာရီးရဲ အသင်းထံ ရောင်းချခဲ့အပြီး ရရှိခဲ့တဲ့ ငွေကြေးနဲ့ အမ်မရီချန်ကို ခေါ်ယူမှာဖြစ်တယ်လို့ သိထားရပါတယ်။