စပါးအသင္းရဲ့ ကြင္းလယ္တိုက္စစ္ ကစားသမားျဖစ္တဲ့ အဲရစ္ဆင္ဟာ စီးရီးေအကလပ္ အင္တာမီလန္အသင္းထံကို ယူရို၂၀သန္းဝန္းက်င္နဲ႔ ေျပာင္းေရႊ႕ေတာ့မွာျဖစ္တယ္လို႔ အီတလီသတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဘန္ေလအသင္းကေတာ့ ခ်ယ္လ္ဆီးအသင္းကေန အငွားနဲ႔ေခၚယူထားတဲ့ ကြင္းလယ္လူ ဒရင့္ဝါးတားကို ခ်ယ္လ္ဆီးအသင္းထံ ျပန္လည္ ေစလႊတ္ဖို႔ ရွိေနတယ္လို႔ ၾကားသိရပါတယ္။
Photo Credit: Talksport.com
ခ်ယ္လ္ဆီးအသင္းဟာ နာပိုလီအသင္းရဲ့ အဓိကေနာက္ခံလူျဖစ္တဲ့ ကူလီဘလီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာတယ္လို႔ လန္ဒန္ အေျခစိုက္သတင္းဌာနေတြက ေဖာ္ျပလိုက္ၾကပါတယ္။ ကူလီဘလီရဲ့ တန္ေၾကးကေတာ့ ေပါင္ ၇၀သန္းဝန္းက်င္ ရွိနိုင္ပါတယ္။
မာေဆးဆိုဒ္အသင္းျဖစ္တဲ့ အဲဗာတန္အသင္းဟာ သူတို႔အသင္းရဲ့ တိုက္စစ္ပိုင္း အားနည္းခ်က္ကို ေျဖရွင္းဖို႔အတြက္ ဖလာမင္ဂိုအသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မွူး ဂါဘရီရယ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ သိရွိရပါတယ္။ ဂါဘရီရယ္ကို ပိုင္ဆိုင္တဲ့ အသင္းကေတာ့ အင္တာမီလန္အသင္းပဲ ျဖစ္ပါတယ္။
Photo Credit: Talksport.com
ယူနိုက္တက္အသင္းကေန ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ျခင္းကို ခံေနရတဲ့ ကြင္းလယ္လူ ဂရီးလစ္ခ်္နဲ႔ ပတ္သတ္ၿပီး အက္စ္တြန္ဗီလာအသင္းရဲ့နည္းျပျဖစ္သူ ဒန္စမစ္ကေတာ့ ဂရီးလစ္ခ်္ကို ဇန္နဝါရီကာလမွာ ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ ယတိျပတ္ ေျပာဆိုသြားခဲ့ပါတယ္။
Photo Credit: Talksport.com
ရွက္ဖီးလ္ယူနိုက္တက္အသင္းဟာ မန္စီးတီးအသင္းနဲ႔ ဆန္းဒါးလန္းအသင္းတို႔ရဲ့ ကြင္းလယ္ကစားသမားေဟာင္း ေရာ့ဝဲလ္ကို ေခၚယူလိုက္နိုင္ခဲ့ၿပီလို႔ သိရပါတယ္။
စပါးအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်တဲ့ အဲရစ်ဆင်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းထံကို ယူရို၂၀သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။
ဘန်လေအသင်းကတော့ ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဒရင့်ဝါးတားကို ချယ်လ်ဆီးအသင်းထံ ပြန်လည် စေလွှတ်ဖို့ ရှိနေတယ်လို့ ကြားသိရပါတယ်။
Photo Credit: Talksport.com
ချယ်လ်ဆီးအသင်းဟာ နာပိုလီအသင်းရဲ့ အဓိကနောက်ခံလူဖြစ်တဲ့ ကူလီဘလီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတယ်လို့ လန်ဒန် အခြေစိုက်သတင်းဌာနတွေက ဖော်ပြလိုက်ကြပါတယ်။ ကူလီဘလီရဲ့ တန်ကြေးကတော့ ပေါင် ၇၀သန်းဝန်းကျင် ရှိနိုင်ပါတယ်။
မာဆေးဆိုဒ်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့အတွက် ဖလာမင်ဂိုအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီရယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရှိရပါတယ်။ ဂါဘရီရယ်ကို ပိုင်ဆိုင်တဲ့ အသင်းကတော့ အင်တာမီလန်အသင်းပဲ ဖြစ်ပါတယ်။
Photo Credit: Talksport.com
ယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့အတွက် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ကွင်းလယ်လူ ဂရီးလစ်ချ်နဲ့ ပတ်သတ်ပြီး အက်စ်တွန်ဗီလာအသင်းရဲ့နည်းပြဖြစ်သူ ဒန်စမစ်ကတော့ ဂရီးလစ်ချ်ကို ဇန်နဝါရီကာလမှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit: Talksport.com
ရှက်ဖီးလ်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း ရော့ဝဲလ်ကို ခေါ်ယူလိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။