မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ၉ႏွစ္ၾကာေအာင္ ကစားခဲ့တဲ့ ဝါရင့္ကစားသမား အက္ရွေလယန္းကေတာ့ ယခုရာသီကုန္မွာ အင္တာမီလန္အသင္းထံကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမွု ရရွိသြားခဲ့ၿပီလို႔ သိရပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ လိုင္ယြန္အသင္းရဲ့ တိုက္စစ္မွူး ဒမ္ဘီလီကို ကမ္းလွမ္းမွု ျပဳလုပ္ခဲ့ေပမယ့္ လိုင္ယြန္အသင္းဘက္က အဆိုပါ ကမ္းလွမ္းမွုေတြကို ပယ္ခ်ခဲ့တယ္လို႔ လိုင္ယြန္ရဲ့ ဥကၠဌျဖစ္သူ မစ္ခ်ယ္အူလက္စ္က အတည္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Sports Bible.com

ယူနိုက္တက္အသင္းဟာ ေအဂ်က္အသင္းရဲ့ ကြင္းလယ္အတြဲျဖစ္တဲ့ ဗန္ဒီဘိခ္နဲ႔ ဇီရက္စ္တို႔ကို ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ တစ္ၿပိဳင္နက္တည္း ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ ဥေရာပသတင္းတခ်ိဳ႕က ေဖာ္ျပသြားခဲ့ၾကပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ကြင္းလယ္လူ ဆစ္ဆိုခိုတစ္ေယာက္ ဒဏ္ရာေၾကာင့္ အနားယူရေတာ့မယ့္ အေျခအေနမွာ ကြင္းလယ္လူတစ္ဦးကို အငွားနဲ႔ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေတာ့မယ္လို႔ သိရပါတယ္။ လက္ရွိမွာ စပါးအသင္းပစ္မွတ္ထားေနတာကေတာ့ ဂ်ဴဗင္တပ္အသင္းရဲ့ ကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့ အမ္မရီခ်န္နဲ႔ ရာဘီေယာ့စ္တို႔ပဲ ျဖစ္ပါတယ္။

Photo Credit: Sports Bible.com

မန္စီးတီးအသင္းဟာ လက္စတာအသင္းရဲ့ ဘယ္ေနာက္ခံလူ ဘန္ခ်ီဝဲလ္ကို ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး လက္စတာအသင္းရဲ့ ျငင္းဆိုမွုကို မခံရေအာင္ ရာသီဝက္အငွားနဲ႔ ျပန္လည္ ေစလႊတ္မယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းထားတယ္လို႔ သိရွိရပါတယ္။

Photo Credit: Sports Bible.com

ေအစီမီလန္အသင္းကေန ထြက္ခြာလိုေနတဲ့ တိုက္စစ္မွူး ပီယာတက္ခ္ကို လန္ဒန္ၿမိဳ႕ခံ အသင္းေတြျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ စပါးအသင္းတို႔က ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ေနေၾကာင္း အီတလီသတင္းစာေတြက ေဖာ္ျပထားၾကပါတယ္။ စပါးအသင္းဟာ ဟယ္ရီကိန္းရဲ့ အရန္အတြက္ ပီယာတက္ခ္ကို ပစ္မွတ္ထားေနတာျဖစ္သလို ခ်ယ္လ္ဆီးအသင္းဘက္ကလည္း ဂ်႐ူးထြက္ခြာသြားဖို႔ ရွိေနတာေၾကာင့္ ပီယာတက္ခ္ကို ေခၚယူခ်င္ေနတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ၉နှစ်ကြာအောင် ကစားခဲ့တဲ့ ဝါရင့်ကစားသမား အက်ရှလေယန်းကတော့ ယခုရာသီကုန်မှာ အင်တာမီလန်အသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး ဒမ်ဘီလီကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် လိုင်ယွန်အသင်းဘက်က အဆိုပါ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ လိုင်ယွန်ရဲ့ ဥက္ကဌဖြစ်သူ မစ်ချယ်အူလက်စ်က အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sports Bible.com

ယူနိုက်တက်အသင်းဟာ အေဂျက်အသင်းရဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ဗန်ဒီဘိခ်နဲ့ ဇီရက်စ်တို့ကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တစ်ပြိုင်နက်တည်း ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ ဥရောပသတင်းတချို့က ဖော်ပြသွားခဲ့ကြပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကွင်းလယ်လူ ဆစ်ဆိုခိုတစ်ယောက် ဒဏ်ရာကြောင့် အနားယူရတော့မယ့် အခြေအနေမှာ ကွင်းလယ်လူတစ်ဦးကို အငှားနဲ့ခေါ်ယူဖို့အတွက် ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ လက်ရှိမှာ စပါးအသင်းပစ်မှတ်ထားနေတာကတော့ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ အမ်မရီချန်နဲ့ ရာဘီယော့စ်တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible.com

မန်စီးတီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး လက်စတာအသင်းရဲ့ ငြင်းဆိုမှုကို မခံရအောင် ရာသီဝက်အငှားနဲ့ ပြန်လည် စေလွှတ်မယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit: Sports Bible.com

အေစီမီလန်အသင်းကနေ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး ပီယာတက်ခ်ကို လန်ဒန်မြို့ခံ အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့က ခေါ်ယူဖို့အတွက် စောင့်ကြည့်နေကြောင်း အီတလီသတင်းစာတွေက ဖော်ပြထားကြပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့ အရန်အတွက် ပီယာတက်ခ်ကို ပစ်မှတ်ထားနေတာဖြစ်သလို ချယ်လ်ဆီးအသင်းဘက်ကလည်း ဂျရူးထွက်ခွာသွားဖို့ ရှိနေတာကြောင့် ပီယာတက်ခ်ကို ခေါ်ယူချင်နေတာပါ။