လီဗာပူးလ်အသင်းရဲ့ နယ်သာလန် နောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်က သူရဲ့ဘောလုံးသမားဘဝ အစပိုင်းမှာ အခုလို ဆုဖလားတွေနဲ့ အလှမ်းဝေးခဲ့ရပေမယ့် လီဗာပူးလ်အသင်းဆီ ရောက်ရှိလာမှသာ သူဟာ အချိန်နောက်ကျမှ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့် late bloomer လို ဖြစ်လာခဲ့ရသလို ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း သူရဲ့ကလပ်အသင်းနဲ့အတူ ရယူနိုင်ဖွယ် ရှိနေတဲ့ ဆုဖလားတွေ အားလုံးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Virgil van Dijk crushed Lautaro with just a stare... now we know he's back

Photo Credit : Planet Football

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံလူ ဗန်ဒိုက်ဟာ သူရဲ့ကစားသမားဘဝအတွင်း ဂရိုနင်ဂန် ဆဲလ်တစ် ဆောက်သမ်တန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ဆဲလ်တစ်နဲ့အတူ စကော့တလန် အမှတ်ပေးချန်ပီယံနဲ့ စကော့လိဂ်ဖလားတွေကိုသာ ဆွတ်ခူးခဲ့တာဖြစ်ကာ ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာပြီးနောက်ပိုင်းမှသာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေကို ဆက်တိုက် ဆွတ်ခူးခဲ့သလို ဒီရာသီမှာလည်း လိဂ်ဖလားတစ်လုံး ရယူထားနိုင်ခဲ့ပြီး ဆုဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ ရပ်တည်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဗန်ဒိုက်ဟာ UEFA ရဲ့ Men’s Player of the Year ဆုအပြင် Ballon d’Or ဆုပေးပွဲမှာပါ ဒုတိယနေရာကိုပင် ရယူနိုင်လာခဲ့ပါတယ်။

Photo Credit : Goal

ဗန်ဒိုက်အနေနဲ့ လီဗာပူးလ်အသင်းဆီ မရောက်ရှိလာခင်ကတည်းက အခုလို အလားတူပုံစံနဲ့ အောင်မြင်နိုင်ခဲ့သလားလို့ မေးမြန်းလာခဲ့ရာ ဗန်ဒိုက်က “မဟုတ်ပါဘူး။ မဟုတ်ဘူး။ လုံးဝကို မဟုတ်ပါဘူး။ ဟိုးအရင်တုန်းက ကျွန်တော်ဟာ အရမ်းကောင်းတဲ့ ကစားသမားတစ်ဦး မဟုတ်ခဲ့ပါဘူး။ ကျွန်တော်က အခြားကစားသမားတွေထက် နောက်ကျပြီးမှ တောက်ပလာခဲ့တဲ့ late bloomer တစ်ဦးပါ။ အဲ့ဒါကြောင့် ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းကို ပိုနှစ်သက်မိပါတယ်။ နေ့စဉ်တိုင်း အဲ့ဒီခံစားချက်ကို ရယူတယ်။ ကျွန်တော် ဒဏ်ရာတွေကနေ သက်သာပြီး ပြန်လည်ကောင်းမွန်လာတော့ ပြိုင်ပွဲအားလုံးမှာ ပါဝင်ကစားရဖို့ဆိုတာက ခွင့်ပြုလို့မရနိုင်တဲ့ အရာတစ်ခုလို ဖြစ်နေတုန်းပါပဲ။ ဒီလို ခွင့်ပြုလို့မရနိုင်တဲ့ အရာမျိုးတွေ ဖြစ်ထားခဲ့တာကြောင့် ဒီရာသီမှာတော့ ကျွန်တော် ပွဲပေါင်း(၅၀)ကျော်လောက်ကို ပါဝင်ကစားထားခဲ့ပါတယ်။ ကျွန်တော် ဒီတိုင်းလေးပဲ ဆက်သွားချင်နေပါတယ်။ ကြံခိုင်မှု ကောင်းမွန်နေမယ်။ နိုင်ပွဲတွေလည်း ရယူနေမယ်။ ဘာတွေကို ဆက်လက်ရယူနိုင်မလဲဆိုတာ ကြည့်ရမယ်။ ပြီးရင်တော့ ကမ္ဘာ့ဖလားအတွက်ပါ အဆင့်သင့် ဖြစ်နေစေချင်ပါတယ်” လို့ ပြန်လည်ဖြေဆို ပြောကြားသွားခဲ့ပါတယ်။