ဒီနေ့ညမှာ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပထမအကျော့ပွဲစဉ်တွေကို ကျင်းပမှာဖြစ်ပြီးတော့ ဒီထဲမှာ သြစတြီးယားကလပ် LASK အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်လည်းအပါအဝင်ဖြစ်နေပြီး ဒီည ၁၂နာရီခွဲအချိန်မှာ ကျင်းပမှာပဲဖြစ်ပါတယ်။ ဘောလုံးပရိသတ်တော်တော်များများက LASK အသင်းအကြောင်းကို သိပ်မသိကြသေးတဲ့အတွက် ဒီကနေ့တောာ့ LASK အသင်းရဲ့အကြောင်းကို စုစည်းရှာဖွေပြီး တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ LASK အသင်းဆိုတာကတော့…

LASK ဆိုတာ သြစတြီးယားကလပ်အသင်းတစ်သင်းပါ။ မြင်သာအောင်ပြောရရင်တော့ လက်ရှိ ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ကလပ်အသင်းဟောင်း ရက်ဘူးဆာလ်ဇ်ဘာ့ဂ်နဲ့ တစ်လိဂ်တည်းအသင်းတွေပါ။ LASK ဆိုတာကတော့ အသင်းရဲ့ အတိုကောက်နာမည်ဖြစ်ပြီးတော့ Linzer Athletik-Sport-Klub ကမှ သူတုုိ့အသင်းရဲ့နာမည်အပြည့်အစုံဖြစ်ကာ လက်ဇ်လင့်ဇ်လို့လည်း အသံထွက်ပြီး ခေါ်ဝေါ်ကြလေ့ရှိပါတယ်။ အသင်းတည်ထောင်ထားတာ နှစ်ပေါင်း၁၁၁နှစ်ရှိနေပြီဆိုပေမယ့်လည်း ဥရောပစစ်မျက်နှာပြင်ကိုတော့ အခုချိန်လောက်မှ သေသေချာချာ တတ်ရောက်လာနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။

LASK အသင်းက လက်ရှိ သြစတြီးယန်းဘွန်ဒက်လီဂါ အမှတ်ပေးပြိုင်ပွဲမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့အထက် ပထမနေရာအထိတောင် ရပ်တည်လို့နေတာဖြစ်ပြီး ယူရိုပါလိဂ်မှာလည်း စပို့တင်းလစ္စဘွန်း PSV ရိုစင်ဘော့တို့လို သူ့ထက် ဥရောပအတွေ့အကြုံပိုရင့်ကျက်လှတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ရာကနေ အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့တာဖြစ်သလို အိမ်ကွင်းပွဲအားလုံးကိုလည်း အနိုင်ယူခဲ့ပါတယ်။ LASK ဟာ(၃၂)သင်းအဆင့် ရှံးထွက်ပွဲစဉ်မှာလည်း ယူနိုက်တက်နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့ နယ်သာလန်ကလပ် အယ်ခမာကို ဖြတ်ကျော်ထားခဲ့ပါတယ်။ ဥရောပအတွေ့အကြံုပေါင်းအားနည်းတာ အင်္ဂလန်အသင်းတွေနဲ့ မဆုံခဲ့ဖူးတာတွေက LASK ရဲ့ အဓိကအားနည်းချက်ဖြစ်နိုင်ပေမယ့် အိမ်ကွင်းမှာကစားရမယ့် ဒီနေ့ပွဲမှာတော့ ယူနိုက်တက်အသင်းကို အခက်တွေ့အောင် ကစားပြနိုင်ပါလိမ့်မယ်။ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲဆိုတာကတော့…