ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းကတော့ သူတို့အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ လာပေါ့တီဟာ အသေးစားဒဏ်ရာပြဿနာကြောင့် တစ်လခန့်ကြာအောင် အနားယူရဦးမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၅နှစ်အရွယ် ပြင်သစ်နောက်ခံလူ လာပေါ့တီဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းအတည်ငြိမ်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပြီး သူပါဝင်တဲ့ပွဲတိုင်းမှာ အသင်းရဲ့ ခံစစ်ကြောင်းဟာ တည်ငြိမ်မှုရှိတာကြောင့် မန်စီးတီးအသင်းအတွက် စိုးရိမ်စရာပါပဲ။

Photo Credit: Metro.com

လာပေါ့တီဟာ နည်းပြဂွာဒီယိုလာရဲ့ အယုံကြည်ရဆုံး နောက်ခံလူဖြစ်ပေမယ့် လက်ရှိ ရာသီမှာတော့ ဒဏ်ရာပြဿနာများစွာနဲ့ ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မကြာသေးမီကမှ ကာလှရှည် အနားယူခဲ့ရာကနေ ဘောလုံးပြန်ကစားနိုင်ခဲ့သူဖြစ်ကာ အခုလို ဒဏ်ရာပြန်ရခဲ့တာက မန်စီးတီးအသင်းအတွက်ရော လာပေါ့တီအတွက်ပါ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ လာပေါ့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဆေးစစ်မှုတွေလုပ်ဆောင်အပြီးမှာ တစ်လကြာအနားယူရမှာကို သိရှိခဲ့တာပါ။

Photo Credit: Metro.com

လာပေါ့တီ အနားယူရမယ့်ကာလအတွင်းမှာ မန်စီးတီးအသင်းဟာ အာဆင်နယ် ၊ မန်ယူ ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ်စတဲ့ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ဂွာဒီယိုလာအတ​ွက် အသင်းရဲ့ခံစစ်ပိုင်းကို တည်ဆောက်တဲ့နေရာမှာ အခက်အခဲတေ​ွ အများကြီးရှိတော့မှာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ကံကောင်းတဲ့ အရာတစ်ခုကတော့ ကာလရှည်အနားယူနေရတဲ့ အသင်းရဲ့ တောင်ပံကစားသမား ဆာနေးဟာ ယမန်နေ့က ယူ၂၃ပွဲစဉ်တစ်ပွဲကို ဝင်ရောက်ကစားနိုင်ခဲ့တာကြောင့် မကြာခင်မှာပဲ အသင်းရဲ့ပွဲစဉ်တွေကို ဝင်ရောက်ကစားပေးနိုင်တော့မှာပါ။