ဘာစီလိုနာအသင်း ဥက္ကဌဖြစ်သူ ယိုဟန် လာပေါ်တာက သူတို့အသင်းအနေနဲ့ ဒီရာသီမှာသာ လာလီဂါ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရမယ်ဆိုရင် ဂျီရိုနာအသင်းကို လာလီဂါ ချန်ပီယံ ဖြစ်လာစေချင်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာတော့ ဂျီရိုနာပွဲစဉ် မတိုင်ခင် သရေပွဲ (၄)ပွဲနဲ့ ရီးယဲလ်မက်ဒရစ်ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒါပေမယ့် ရီးယဲလ်ကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာဖြစ်ပြီး အဝေးကွင်း ပွဲစဉ်တွေမှာတော့ လုံးဝ ရှုံးပွဲမရှိပဲ သရေ(၄)ပွဲရအောင် ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Footbalium

ဒီရာသီမှာ ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်တို့နဲ့အပြိုင် City Football Group ရဲ့ ဂျီရိုနာအသင်းက ဘယ်လိုမှ မထင်ထားလောက်အောင် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေရင်း အမှတ်ပေးဇယားထိပ်မှာပါ ရပ်တည်လျက် ရှိနေပါတယ်။

ဂျီရိုနာအသင်းက ဒီရာသီမှာ ဘာစီလိုနာလိုပဲ ရီးယဲလ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရတာဖြစ်ပြီး အခု ဒီအသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံရမှာလည်း ဂျီရိုနာက အိမ်ရှင် ဘာစီလိုနာကို (2-4) နဲ့ အနိုင်ယူကာ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်ထားပါတယ်။

Photo Credit : Barca Universal

ရီးယဲလ်က ဘက်တစ်ကို သရေကျထားနေချိန် ဘာစီလိုနာကိုပါ အနိုင်ယူလိုက်နိုင်တာက ဂျီရိုနာအသင်းအတွက် လုံးဝ အချိုမြိန်ဆုံး ဖြစ်ခဲ့ရပြီး အခုဆိုရင် ဂျီရိုနာဟာ ဒုတိယနေရာက ရီးယဲလ်ကို (၃)မှတ် အသက်လက်တီကို နဲ့ ဘာစီလိုနာတို့ကိုပါ (၇)မှတ်ထိ ဖြတ်တောက်လိုက်ပါတယ်။

အခုတော့ ဘာစီလိုနာ ဥက္ကဌဖြစ်သူ လာပေါ်တာက “တကယ်လို့ ဘာစီလိုနာအသင်းသာ လာလီဂါ ချန်ပီယံဖလားကို မဆွတ်ခူးနိုင်ခဲ့ဘူးဆိုရင်တော့ ကတ်တလန် အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ ဂျီရိုနာအသင်းကို ချန်ပီယံ ဖြစ်လာစေချင်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။