ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာက အသင်းရဲ့ legend player ဟောင်းကြီးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ကြားက ဇာတ်လမ်းတွေက မပြီးဆုံးသွားသေးကြောင်းနဲ့ ပိုုမိလှပတဲ့ အဆုံးသတ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့ တာဝန်ရှိပါကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Messi wipes back tears in Barcelona farewell; gives hint over next move

Photo Credit : TEAMtalk

ဘာစီလိုနာကို ၂၀၀၀ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ပြီး ၂၀၀၄ခုနှစ်ကနေ စတင်ကာ ဘာစီလိုနာ စီနီယာအသင်းအတွက် စတင် ကစားပေးလာခဲ့တဲ့ မက်ဆီဟာ ပြီးခဲ့တဲနှစ် ဇူလိုင်(၁)ရက်နေ့မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရလို့ စာချုပ်သစ်အတွက် ဆွေးနွေးခဲ့ရာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘာစီလိုနာက မက်ဆီကို ဘယ်လိုမှ သက်တမ်းမတိုးနိုင်တော့ပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ လက်လွတ်လိုက်ရပါတယ်။ မက်ဆီကလည်း သူရဲ့ အသင်းဖော်ဟောင်း နေမာရှိရာ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Joan Laporta: Lionel Messi wanted to stay at Barcelona, but the reality  cannot be changed - Eurosport

Photo Credit : Eurosport

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်အရဆိုရင် လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီဘက်ကတော့ goat ကြီး မက်ဆီကို သက်တမ်းတိုးချင်ပေမယ့် မက်ဆီက သူရဲ့ အနာဂတ်ကို လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှသာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ ကောလဟာလသတင်းတွေအရ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ သူ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လာလိမ့်မယ်လို့ ဖော်ပြနေကြသလို ဘာစီလိုနာ အသင်းဥက္ကဌကိုယ်တိုင်ကပါ သူတို့အသင်းနဲ့ မက်ဆီတို့ကြား ဇာတ်လမ်းမပြီးဆုံးသေးဘူးလို့ အခိုင်အမာ ပြောဆိုလာပြန်ပါတယ်။ လာပေါ်တာက “ဘာစီလိုနာနဲ့ လီယိုမက်ဆီတို့ရဲ့ ဇာတ်လမ်းက မပြီးဆုံးသေးဘူးလို့ ကျွန်တော် ထင်တယ်။ မျှော်လည်း မျှော်လင့်တယ်။ ဒါက အမြဲတမ်း လမ်းပွင့်နေဦးမှာ။ အရင်ကထက် ပိုလှပတဲ့ အဆုံးသတ်မျိုး သေချာအောင် လုပ်ဆောင်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ တကယ်လို့ ကျွန်တော်က သူ့ကို ကျေးဇူးကြွေးတစ်ခု မဆပ်ရသေးသလို ခံစားနေရသလားဆိုရင်တော့ ဟုတ်ပါတယ်။ ဘာစီလိုနာ ဥက္ကဌအနေနဲ့ ကျင့်ဝတ်အရတော့ လုပ်စရာရှိတာတွေ လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လည်း အသင်းဥက္ကဌအနေနဲ့ရော ပုဂ္ဂိုလ်ရေးအရပါ သူ့ကို ကျေးဇူးကြွေးတစ်ခု ပြန်ဆပ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။