အဲဗာတန်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရတဲ့ ဖရန့်လမ်းပတ်က သူနဲ့အတူ ချယ်လ်ဆီးအသင်းမှာရော အင်္ဂလန်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း အက်ရှ်လေကိုးနဲ့ ပြန်လည်လက်တွဲသွားလိုတာကြောင့် အဲဗာနည်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ရာထူးနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bleacher Report

ဒါဘီကောင်တီ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ လမ်းပတ်ဟာ မနေ့ကပဲ အဲဗာတန်အသင်းရဲ့ နည်းပြသစ်အဖြစ် (၂)နှစ်ခွဲစာချုပ်နဲ့ တာဝန်ယူသွားဖို့ လက်ခံခဲ့ပြီး ကစားသမား ခေါ်ယူမှုအဖြစ် ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်နဲ့ စပါးကွင်းလယ်လူ အလီတို့ကို ခေါ်ယူထားခဲ့သလို သူရဲ့နည်းပြအဖွဲ့ဝင်တွေအဖြစ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်းတွေကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့အပြင် သူရဲ့အသင်းဖော်ဖြစ်တဲ့ အက်ရှ်လေကိုးပါ နည်းပြအဖွဲ့ဝင်တွေအဖြစ်နဲ့ ပြန်လည်လက်တွဲသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Daily Express

ချယ်လ်ဆီး အာဆင်နယ် ရိုးမား ဒါဘီအသင်းတွေရဲ့ ဘယ်နောက်ခံကစားသမားဟောင်းကြီး အက်ရှ်လေကိုးဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းမှာ လူငယ်အကယ်ဒမီ နည်းပြတစ်ဦးအဖြစ် ဆောင်ရွှက်နေသလို အင်္ဂလန်ယူ-၂၁အသင်းရဲ့ နည်းပြအဖြစ်နဲ့ပါ တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။ ဒီလို နည်းပြနယ်ပယ်ထဲ စတင်ဝင်ရောက်နေတဲ့ အက်ရှ်လေကိုးကို သူရဲ့အသင်းဖော်ဟောင်း လမ်းပတ်က အဲဗာတန်အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပြီး အက်ရှ်လေကိုးဘက်ကနေ လမ်းပတ်ရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံသွားမလားဆိုတာ လာမယ့် ရက်အနည်းငယ်အတွင်းမှာပဲ အဖြေပေါ်ဖွယ် ရှိနေပါတယ်။ လမ်းပတ်ဟာ သူရဲ့လက်ထောက်နည်းပြ ဂျိုးအက်ဒ်ဝပ် နည်းပြအဖွဲ့ဝင်တွေအဖြစ် အန်စလော့တီရဲ့ လက်ထောက်နည်းပြ ဖြစ်ခဲ့ဖူးတဲ့ ပေါလ်ကလီးမန့်နဲ့ ခရစ္စဂျုံးစ်တို့ကို ခန့်အပ်သွားမှာ ဖြစ်ပေမယ့်လည်း အဲဗာတန်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒန်ကန်ဖာဂူဆန်ကတော့ လမ်းပတ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက်မဆောင်ရွှက်ပဲ အသင်းကနေသာ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။