နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ မနေ့ညက ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ မန်ယူအသင်းက ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် (၅) နေရာကို ဆင်းပေးခဲ့ရပြီး နည်းပြ လမ်းပတ်က မန်ယူအသင်း မမှီနိုင်အောင် ကစားသွားရလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညက ဝက်ဖို့ဒ်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ အမှားအယွင်းမရှိဘဲ ကစားနိုင်ခဲ့တာကြောင့် ဝက်ဖို့ဒ်အသင်းကို (၃-ဝ) ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၅) နေရာကနေ အဆင့် (၄) နေရာကို ချက်ချင်း ပြန်တက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၅) ပွဲပဲ ကစားဖို့ လိုအပ်တော့တဲ့ အချိန်မှာ အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး အဆင့် (၅) နေရာကနေ ဖိအားပေးနေတဲ့ မန်ယူအသင်းကို ရမှတ် (၂) မှတ် ဖြတ်ထားတာကြောင့် လာမယ့် ပွဲစဉ်တွေမှာ မမှားခံလို့ မရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့အတွက် လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အမှားပြုလုပ်လို့ မရတော့တာ ဖြစ်ပြီး နည်းပြ လမ်းပတ်က လက်ကျန်ပွဲစဉ်တွေက ဖိအားရှိတဲ့ ပွဲစဉ်တွေ ဖြစ်ပြီး မန်ယူအသင်း မမှီနိုင်အောင် ကစားရမယ်လို့ သတိပေး ပြောကြားသွားပါတယ်။

Photo Credit: Sportskeeda

နည်းပြ လမ်းပတ်က “ပွဲစဉ်တိုင်းက အခုအချိန်မှာ ဖိအားရှိတဲ့ ပွဲစဉ်တွေ ဖြစ်သွားပြီလို့ ကျွန်တော် ထင်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ဖိအားပေးနိုင်တဲ့ အသင်းပါ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့အဆင့် (၃) နေရာ တက်လှမ်းနိုင်တာကို ကျွန်တော်တို့ သိပါတယ်။ ဒါက ခြားနားတဲ့ ဖိအားမျိုးပါ။ ဒါပေမယ့် ပွဲစဉ်အပေါ်မှာ အာရုံစိုက်မှုက အတူတူပါပဲ။ လက်ရှိအချိန်မှာ ကျွန်တော်တို့ကို မှီလို့ မဖြစ်ပါဘူး။ အဲဒါကို ဒီညလုပ်နိုင်ခဲ့ပါတယ်။ အဓိပ္ပါယ်မရှိတာ မရှိခဲ့ပါဘူး။ ဓိတ်ဓါတ် မှန်ခဲ့တယ်။ ကျွန်တော်တို့ ကောင်းမွန်စွာ စတင်ခဲ့ပြီး အဲဒါကို ဆက်ထိန်းခဲ့ပါတယ်။ ကွင်းရဲ့ အဆုံးနှစ်ဖက်မှာ အသေးစိတ် ကစားခဲ့တယ်။ ကျွန်တော်တို့ကို မှီလို့ မဖြစ်ပါဘူး။ မန်ယူအသင်းက သိပ် ကောင်းတဲ့ အသင်းပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ သူတို့မှာ ရှိတဲ့ ကစားသမား နဲ့ သူတို့မှာ ရှိတဲ့ နည်းပြက ကောင်းပါတယ်။ ဒါကို ကျွန်တော်တို့ လေးစားပါတယ်”လို့ ပြောသွားပါတယ်။