ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ လမ်းပတ်ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာရော ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာပါ ကစားသမား ဝယ်ယူခဲ့ခြင်းမရှိတာကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ ကစားသမားခေါ်ယူဖို့အတ​ွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းအထိ ရရှိမှာဖြစ်တယ်လို့ အင်္ဂလန်သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Football London.com

ဆာရီထွက်ခွာသွားပြီးနောက်မှာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ လမ်းပတ်ဟာ အသင်းကို ရောက်ခါစမှာပဲ အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်နဲ့တိုးခဲ့တာကြောင့် လိုအပ်တဲ့ ကစားသမားတွေကို ဝယ်ယူခွင့်မရခဲ့ပဲ အသင်းမှာ ရှိရင်းစွဲကစားသမားတွေနဲ့ အကယ်ဒမီထွက် ကစားသမားတွေကို အချိုးကျ သုံးစွဲရင်း ချယ်လ်ဆီးအသင်းကို ပရီးမီးယား လိဂ်မှာ အဆင့်လေးနေရာအထိ ပို့ဆောင်ပေးထားသူပါ​။

Photo Credit: Football London.com

ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ လမ်းပတ်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိနေပြီး နွေရာသီအပြောင်းအရွှေ့မှာ သုံးစွဲဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်၁၅၀သန်းကို ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ လမ်းပတ်စိတ်ကြိုက် ကစားသမား ခေါ်ယူခွင့်နဲ့ ဝယ်ယူခွင့်တို့ကို ပေးသွားမှာ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ လမ်းပတ်ဟာ ဘယ်နောက်ခံလူ ၊ တိုက်စစ်မှူး ၊ တောင်ပံတိုက်စစ်စတဲ့ နေရာ သုံးနေရာကို အင်အားဖြည့်တင်းချင်နေတယ်လို့ သိရပါတယ်။

Photo Credit: Football London.com

လမ်းပတ်ဟာ အသင်းရဲ့ တောင်ပံတိုက်စစ် အတွက် ဒေါ့မွန်အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ် ထားနေခဲ့ပြီး တိုက်စစ်ပိုင်းအတွက် လိုင်ယွန်ရဲ့ မူဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ ရှိနေပါတယ်။ အသင်းရဲ့ ဘယ်နောက်ခံနေရာအတွက်တော့ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ချီဝဲလ် ကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး အဆိုပါ ကစားသမား သုံးဦးကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင်၂၀၀သန်းဝန်းကျင် ကုန်ကျမယ့် အနေအထားမှာ ရှိနေတာကြောင့် လမ်းပတ် အနေနဲ့ ရှိရင်းစွဲကစားသမားတွေထဲက တချို့ကို ပြန်လည်ရောင်းချရလိမ့်မယ်လို့ သိရပါတယ်။