MySport Myanmar

ချယ်လ်ဆီးကို ရာသီကုန်အထိ ယာယီနည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်မယ့် လမ်းပတ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်က သူ ချစ်ရတဲ့ ချယ်လ်ဆီးဆီ တကျော့ပြန် နည်းပြအဖြစ် ပြန်လာတော့မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲ ၂ကြိမ် အထိ ပြုလုပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စံချိန်တင် စာချုပ်ဖျက်သိမ်းကြေးနဲ့ ခေါ်ယူထားရတဲ့ နည်းပြ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် ထိပ်သီးနည်းပြ တဦးကို ရှာဖွေနေပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်တို့ နှစ်ဦးထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် နည်းပြနှစ်ဦးစလုံးက လာမယ့် နွေရာသီရောက်မှ အသင်းကို စတင် တာဝန်ယူချင်နေတာကြောင့် ချယ်လ်ဆီးဟာ ရာသီကုန် အထိ တာဝန်ယူပေးမယ့် ယာယီနည်းပြ တဦးကို လိုအပ်နေခဲ့ပါတယ်။

ကနဦးမှာ ချယ်လ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာရဲ့ လက်ထောက်နည်းပြ ဆောလ်တာကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဆောလ်တာရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့် အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ စီစဉ်ခဲ့ပြီး လမ်းပတ်ကလည်း ချယ်လ်ဆီးကို ကူညီပေးဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လမ်းပတ်ကို ရာသီကုန် အထိ ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ချယ်လ်ဆီးဟာ လမ်းပတ်ကို ရာသီကုန် အထိသာ နည်းပြအဖြစ် ခန့်အထားမှာ ဖြစ်ကာ ရာသီကုန်ရင်တော့ နည်းပြအပြောင်းအလဲ ထပ်လုပ်မယ်လို့ သိရပါတယ်။

Exit mobile version