ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ဟာ ယေန႔ည (၉း၃၀) အခ်ိန္မွာ ဘန္ေလအသင္းနဲ႔ ကစားသြားရမယ့္ အိမ္ကြင္း ပဲြစဥ္ မတုိင္ခင္ ထိပ္သီး အဆင့္ (၄) ေနရာ ဆက္ထိန္းထားခ်င္ရင္ အိမ္ကြင္း ပဲြစဥ္ေတြ အႏုိင္ရမွ ျဖစ္မယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ ျခေသၤျပာ အသင္းဟာ ေနာက္ဆုံး ကစားသြားခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္း ပဲြစဥ္ (၄) ပဲြမွာ (၃) ပဲြ ရႈံးနိမ့္ခဲ့တာေၾကာင့္ ရမွတ္ေတြ ဆုံးရႈံးသြားခဲ့ရၿပီး နည္းျပ လမ္းပတ္က အိမ္ကြင္း ပဲြစဥ္ေတြကုိ အႏုိင္ရမွ ျဖစ္မယ္လုိ႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Skysports

ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၁) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ ႏုိင္ပဲြ (၁၁) ပဲြ ရရွိခဲ့ၿပီး ေနာက္ကေန ကပ္လိုက္ေနတဲဲ့ အဆင့္ (၅) ေနရာက ရွက္ဖီးလ္အသင္းနဲ႔ (၄) မွတ္အကြာ အဆင့္ (၄) ေနရာမွာ ရပ္တည္ေနလ်က္ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံး ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပဲြစဥ္မွာ ဘရုိက္တန္အသင္းနဲ႔ တစ္ဖက္တစ္ဂုိးစီ (၁-၁) သေရက် ခဲ့တာေၾကာင့္ နည္းျပ လမ္းပတ္က ယေန႔ည အိမ္ကြင္း ပဲြစဥ္မွာ ႏုိင္ပဲြ ျပန္ရဖုိ႔ ေမွ်ာ္လင့္ေနလ်က္ ရွိေနပါတယ္။

Photo Credit: Skysports

ခ်ဲလ္ဆီး နည္းျပ လမ္းပတ္က “ကြ်န္ေတာ္တုိ႔ အိမ္ကြင္းမွာ အႏုိင္ရခ်င္တယ္။ ထိပ္သီး (၄) ေနရာ ဆက္ထိန္းထားဖုိ႔ ရုန္းကန္ရတယ္။ ဆက္ထိန္းထားႏုိင္မယ္ ဆုိရင္ေတာ့ ႀကီးမားတဲ့ ေအာင္ျမင္မႈ ျဖစ္မယ္လုိ႔ ကြ်န္ေတာ္ ထင္မိပါတယ္။ အိမ္ကြင္းမွာ အႏုိင္မရဘူး ဆုိရင္ ေသခ်ာတာက ေျပာစရာ တစ္ခု ျဖစ္လာမွာပါ။ ရာသီအတြင္းမွာ ဘယ္အိမ္ကြင္း ပဲြစဥ္ မဆုိ အႏုိင္ရခ်င္တာပါ။ လိဂ္ၿပိဳင္ပဲြက ခက္ခဲတာ သိပါတယ္။ ဒါေပမဲ့ ထိပ္သီး (၄) ေနရာဝင္ေနလို႔ စိတ္ဖိစီးမႈ မရွိပါဘူး”လုိ႔ ေျပာပါတယ္။

{Unicode}

ချဲလ်ဆီး နည်းပြ လမ်းပတ်ဟာ ယနေ့ည (၉း၃၀) အချိန်မှာ ဘန်လေအသင်းနဲ့ ကစားသွားရမယ့် အိမ်ကွင်း ပွဲစဉ် မတိုင်ခင် ထိပ်သီး အဆင့် (၄) နေရာ ဆက်ထိန်းထားချင်ရင် အိမ်ကွင်း ပွဲစဉ်တွေ အနိုင်ရမှ ဖြစ်မယ်လို့ ပြောသွားခဲ့ပါတယ်။ ခြင်္သေပြာ အသင်းဟာ နောက်ဆုံး ကစားသွားခဲ့ကြတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် (၄) ပွဲမှာ (၃) ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှုံးသွားခဲ့ရပြီး နည်းပြ လမ်းပတ်က အိမ်ကွင်း ပွဲစဉ်တွေကို အနိုင်ရမှ ဖြစ်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Skysports

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲ (၁၁) ပွဲ ရရှိခဲ့ပြီး နောက်ကနေ ကပ်လိုက်နေတဲ့ အဆင့် (၅) နေရာက ရှက်ဖီးလ်အသင်းနဲ့ (၄) မှတ်အကွာ အဆင့် (၄) နေရာမှာ ရပ်တည်နေလျက် ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ဆုံး ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ (၁-၁) သရေကျ ခဲ့တာကြောင့် နည်းပြ လမ်းပတ်က ယနေ့ည အိမ်ကွင်း ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရဖို့ မျှော်လင့်နေလျက် ရှိနေပါတယ်။

Photo Credit: Skysports

ချဲလ်ဆီး နည်းပြ လမ်းပတ်က “ကျွန်တော်တို့ အိမ်ကွင်းမှာ အနိုင်ရချင်တယ်။ ထိပ်သီး (၄) နေရာ ဆက်ထိန်းထားဖို့ ရုန်းကန်ရတယ်။ ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ အိမ်ကွင်းမှာ အနိုင်မရဘူး ဆိုရင် သေချာတာက ပြောစရာ တစ်ခု ဖြစ်လာမှာပါ။ ရာသီအတွင်းမှာ ဘယ်အိမ်ကွင်း ပွဲစဉ် မဆို အနိုင်ရချင်တာပါ။ လိဂ်ပြိုင်ပွဲက ခက်ခဲတာ သိပါတယ်။ ဒါပေမဲ့ ထိပ်သီး (၄) နေရာဝင်နေလို့ စိတ်ဖိစီးမှု မရှိပါဘူး”လို့ ပြောပါတယ်။