MySport Myanmar

ဘယ်လင်ဟမ်ကို ချယ်လ်ဆီးဆီ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း လမ်းပတ် ဖွင့်ဟ

ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ် အသင်းနည်းပြဟောင်းလည်းဖြစ်တဲ့ ဖရန့် လမ်းပတ်က သူ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေစဉ်အတွင်း အင်္ဂလန် ကြယ်ပွင့် ကစားသမားလေး ဂျုဒ့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသေးတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လမ်းပတ်ဟာ ၂၀၁၉ခုနှစ်က ချယ်လ်ဆီး နည်းပြအဖြစ် စတင် ဆောင်ရွက်စဉ် ဘာမင်ဂမ်အသင်းရဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒါကို အသင်းဘက်က လက်မခံခဲ့ဘူးလို့ ဖွင့်ဟလာပါတယ်။

Photo Credit : Football Transfer

အဲ့ဒီအချိန်တုန်းက ဘယ်လင်ဟမ်ဟာ အသက် (၁၆)နှစ်သာ ရှိနေသေးပြီး ဘာမင်ဂမ်က ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၂၀)ထိ တောင်းဆိုနေတာကို လမ်းပတ်က ခေါ်ယူချင်ပေမယ့် ချယ်လ်ဆီးကတော့ လမ်းပတ်ရဲ့ တောင်းဆိုမှုအပေါ် ပယ်ချခဲ့ပါတယ်။

အခုဆို ဘယ်လင်ဟမ်က ရီးယဲလ်မက်ဒရစ်လို ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီးဆီ ရောက်ရှိနေပြီဖြစ်ပြီး အသင်းအတွက် (၁၄)ပွဲကစားထားချိန် (၁၃)ဂိုးထိ သွင်းယူထားနိုင်ခဲ့သလို ၂၀၂၃ ဘာလွန်းဒေါရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုပါ ပိုင်ဆိုင်ထားခဲ့ပါသေးတယ်။

Photo Credit : The Sun

ဒီကစားသမားလေးနဲ့ ပတ်သက်ပြီး လမ်းပတ်က “ကျွန်တော် ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့တုန်းက ဂျုဒ့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက (၁၆)နှစ်သား ကစားသမားလေးအတွက် ပေါင် သန်း(၂၀)လောက် ပေးရမှာကို အသင်းဘက်က လက်မခံနိုင်ခဲ့ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဘာမင်ဂမ်မှာ ကစားနေစဉ်အတွင်း ချယ်လ်ဆီးရဲ့ ကြိုးပမ်းမှုအပြင် မန်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပေမယ့် ဘယ်လင်ဟမ် ကိုယ်တိုင်ကတော့ ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့သလို အခုလည်း ရီးယဲလ်ဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Exit mobile version