ပွဲရွေ့ဆိုင်းထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)ရဲ့ ပွဲကျန်တစ်ပွဲဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပွဲစဉ်ကို မနေ့့ညက ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားစေခဲ့ရာ အိမ်ရှင်အသင်းက အီဝိုဘီရဲ့ နာကျင်အချိန်ပို သွင်းဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီး ဒီနိုင်ပွဲဟာလည်း တန်းဆင်းဇုန်နား ကပ်နေရတဲ့ အဲဗာတန်အသင်းအတွက် အဖိုးတန် (၃)မှတ် ဖြစ်စေခဲ့ရတာကြောင့် အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်က အသကုန် အောင်ပွဲခံရင်း သူရဲ့လက်ပါ ထိခိုက်သွားခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Frank Lampard says he broke his hand celebrating Everton's late winner |  Sport | The Times

Photo Credit : The Times

ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ဟာ အဲဗာတန်နည်းပြအဖြစ် စတင်တာဝန်ယူချိန်မှာ နယူးကာဆယ်အသင်းနဲ့ စတင်ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် စိန့်ဂျိမ်းပတ်ခ်မှာ (၃)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ထားခဲ့ရသလို အဲ့ဒီပွဲ အပါအဝင် ပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၅)ပွဲထိ ရှိထားခဲ့ရလို့ အသင်းက တဖြည်းဖြည်းနဲ့ တန်းဆင်းဇုန်နားထိ ကပ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ (၄)ပွဲဆက်တိုက်ထိကို ရှုံးပွဲကြုံထားရတဲ့ အဲဗာတန်အသင်းဟာ မနေ့ညကလည်း နယူးကာဆယ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ပွဲချိန် (၈၃)မိနစ်မှာပါ ကစားသမားတစ်ယောက် ထုတ်ပယ်ခံခဲ့ရပေမယ့် နာကျင်အချိန်ပို (၉)မိနစ်မှာ အီဝိုဘီက အဲဗာတန်အတွက် တကယ့်ကို အဖိုးတန်လှတဲ့ သွင်းဂိုးနဲ့ အဖိုးတန် (၃)မှတ်ကို ရယူပေးသွားခဲ့ပါတယ်။

Photo Credit : The Mirror

ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး အဲဗာတန်နည်းပြ လမ်းပတ်က “အောင်ပွဲခံနေတဲ့ အချိန်မှာပဲ ကျွန်တော့်လက်ကျိုးသွားခဲ့တယ်။ ကျွန်တော် ဒါကို အနိုင်(၃)မှတ်အတွက် ရယူခဲ့လိုက်တာ။ ဒါက အနိုင်ဂိုး သွင်းယူလိုက်ချိန်မှာ အောင်ပွဲခံရင်းနဲ့ ဖြစ်သွားခဲ့ရတာ။ အဲ့ဒီအချိန်မှာတော့ ကျွန်တော် လက်ကျိုးသွားပြီဆိုတာကို သတိမထားမလိုက်သေးဘူး။ ပွဲက ဆက်လက်ကစားနေတဲ့အချိန်မှာတော့ အဲ့ဒါက နည်းနည်းနာလာတယ်။ နည်းနည်းလေး တုန်ယင်နေပေမယ့် ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် ဒါကိုလည်း ဂရုမစိုက်ပါဘူး။ ဒီညက တကယ့်ကို အံ့သြစရာကောင်းတဲ့ ညတစ်ညပါ။ ဒီလိုညမျိုးတွေ ထပ်မံ ဖြစ်ပေါ်လာဖို့ လိုအပ်ပြီးတော့ ဒါကလည်း ခရီးရှည်တစ်ခုကို သွားနေရတယ်ဆိုတာကို ရှုမြင််သုံးသပ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ကစားသမားတွေနဲ့အတူ ပျော်ရွှင်နေရမယ်။ ကျွန်တော်တို့ အနိုင်ရခဲ့တာက ဘာလဲဆိုတာကိုလည်း နားလည်ရမယ်။ ဒါက စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မှုကြောင့်ပါပဲ။ တစ်ပတ်အတွင်းမှာပဲ ကျွန်တော် ကစားသမားတွေနဲ့ စကားပြောဆိုခဲ့ပြီးတော့ ဒီနေ့ညမှာလည်း တော်တော်များမာျးက အသင်းအတွက် တခုခု လုပ်ပြနိုင်ခဲ့ကြပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ တန်းဆင်းဇုန်နားမှာပဲ ရှိနေသေးတာကြောင့် လမ်းပတ်အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာပါ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးသွားဖို့ လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။