ချယ်လ်ဆီး အသင်း အနေနဲ့ မနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် ဝုလ်ဗ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရပြီးတော့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဒီဇင်ဘာ ပွဲကျပ်ကာလ အဖြစ် ၄ ရက်အတွင်း နှစ်ပွဲ ကစားခဲ့ရပြီး အဆိုပါ ၂ ပွဲစလုံးမှာ ရှုံးပွဲကြုံတွေ့ ခဲ့တာကြောင့် နည်းပြ လမ်းပတ် ကတော့ သူ့ရဲ့ ကစားသမားတွေ ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းအနေနဲ့ ဝုလ်ဗ် အသင်းကို သာ အနိုင်ရရှိအောင် ကစားနိုင်ခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာလောက်အထိ ကို ယာယီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ချယ်လ်ဆီး နည်းပြ လမ်းပတ်ကတော့ ရှုံးပွဲကြုံတွေ့ခဲ့ရတာ နဲ့ ပတ်သက်ပြီး အခုလို ဖွင့်ဟလာပါတယ်။

Photo Credit: Standard

“ ကျွန်တော်တို့ အနေနဲ့ ကစားပွဲကို ဒီ့ထက် ပိုမြန်အောင် ကစားခဲ့သင့်တယ်။ အကယ်၍သာ ခင်‌ဗျား အနေနဲ့ ကောင်းကောင်း မကစားနိုင်နေဘူးဆိုရင်၊ ကျွန်တော်တို့ အနေနဲ့သာ အခြေအနေ ကောင်းမနေဘူးဆိုရင် တန်ပြန်တိုက်စစ်ကို ခွင့်မပြုရဖို့ အတွက် အချိတ်အဆက် မိမိနဲ့ ကစားဖို့လိုပါတယ်။ ” ဆက်လက်ပြီး ချယ်လ်ဆီး ကစားသမားတွေ အနေနဲ့ စနေနေ့က အဲဗာတန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မတိုင်ခင်အထိ ၁၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ကျေနပ်နေခဲ့ကြကြောင်းနဲ့ တနင်္လာနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အဆိုပါ ပုံစံကောင်းကို ပြန်လည် ပြသဖို့ အတွက် အကြံပေးခဲ့ကြောင်း လမ်းပတ်က ဆိုပါတယ်။ “ ကစားသမား တွေ အနေနဲ့ အဲ့ဒါကို စဉ်းစားနေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ပါ။ အကယ်၍ သာ ခြေစွမ်းမပြနိုင်ဘူး ဆိုရင် ပွဲစဉ်တွေကို ရှုံးနိမ့်မှာပါပဲ။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲက လုံးဝကို မတူညီတဲ့ ပွဲနှစ်ပွဲကို ယှဉ်ပြိုင်ခဲ့ရသလိုပါပဲ။ အဲဗာတန်ဟာလည်း ကျွန်တော်တို့ကို အခက်တွေ့စေခဲ့သလို ဝုလ်ဗ်ကလည်း တန်ပြန်တိုက်စစ် ပုံစံနဲ့ တအား ကစားလွန်းခဲ့တယ် ”

Photo Credit: Standard

“ သူတို့ အသင်းရဲ့ ကစားသမား တစ်ယောက်ချင်းစီတိုင်းက ကျွန်တော်တို့ကို ဒဏ်ရာ ရအောင် လုပ်နိုင်တဲ့ ကစားသမားတွေကြည့်ပါပဲ။ အဲ့ဒါက စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဝုလ်ဗ်ရဲ့ တန်ပြန်တိုက်စစ် ကို ကာကွယ်ဖို့ အတွက် ကစားသမား အလုံအလောက် ရှိခဲ့ပေမယ့် သေချာ မပြင်ဆင်နိုင်ခဲ့ပါဘူး။ ကစားသမားတွေ အနေနဲ့ အနည်းငယ် မောပန်းနေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒါကိုတော့ မပြောချင်ပါဘူး။ ဘာလို့လဲဆိုရင် ဆင်ခြေပေးတယ်လို့ ခံစားရလို့ပါ။ မိနစ် ၆၀ အတွင်း ကျွန်တော်တို့ အသင်းက ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပြီးတော့ ခံစစ်ကလည်း တစ်ခါမှ မပေါက်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမား အနည်းငယ်ပဲ ရှိပါတယ်။ ဆိုလိုတာက ကျွန်တော့် အနေနဲ့ အပြောင်းအလဲ အများကြီးလုပ်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ အသင်းအနေနဲ့ ဒီ့ထက် ပိုတိုးတက်ဖို့ လိုနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်ဓာတ်မကျပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံအရ အသင်းအနေနဲ့ ခြေစွမ်းပိုင်းကျနေပြီး ၂ ပွဲဆက် ကစားရရင် ရှုံးနိမ့်နိုင်တာကြောင့်ပါ။ ဒါက ကစားသမားတွေ အတွက် သင်ခန်းစာ ပါပဲ ” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။