ခ်လ္ဆီး နည္းျပ လမ္းပတ္ကေတာ့ ဇန္နဝါရီလ ေဆာင္းရာသီ အေျပာင္းအေရြ႕ ေစ်းကြက္အတြင္း ကစားသမားသစ္ (၁) ဦးမွ မေခၚႏုိင္ဘဲနဲ႔ အဆုံးသတ္သြားေတာ့မွာပါလုိ႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ နည္းျပ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ ပိတ္ပင္ခံရမႈ အယူခံဝင္တာ ေအာင္ျမင္ခဲ့ၿပီး လူသစ္ ေခၚယူလုိ႔ ရရွိခဲ့တာ ျဖစ္ေပမဲ့လည္း လက္ရွိမွာေတာ့ ကစားသမားသစ္ တစ္ဦးမွ မေခၚႏုိင္ဘဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕ကုိ ႏႈတ္ဆက္ရေတာ့မွာပါ။

Photo Credit: Skysports

ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ဟာ တုိက္စစ္မွဴး ဂ်ီေရာ့ရဲ႕ ေနရာကုိ အစားထုိးမယ့္ တုိက္စစ္မွဴးေတြကုိ ေခၚယူခ်င္ခဲ့ၿပီး ပီယာတက္ခ္ နဲ႔ ဒရုိင္း မာတင္တုိ႔ကုိ ခ်ိတ္ဆက္ခဲ့ေပမဲ့လည္း တစ္ဦးမွ မေခၚႏုိင္ဘဲ အေျပာင္းအေရြ႕ ပိတ္သိမ္းရၿပီ ျဖစ္ပါတယ္။ နည္းျပ လမ္းပတ္ဟာ ကစားသမားသစ္ ေရာက္လာမလားလုိ႔ အေမးခံရတဲ့ အခ်ိန္မွာ၊ ဘယ္သူမွ ထြက္မွာ မဟုတ္သလုိ ဘယ္သူ႔ကုိမွ ေခၚယူသြားမွာ မဟုတ္ဘူးလုိ႔ သတင္းစာ ရွင္းလင္းပဲြမွာ သတင္းေထာက္ေတြကုိ အခုိင္အမာ ေျပာသြားခဲ့ပါတယ္။

Photo Credit: Skysports

ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ဟာ အခုအခ်ိန္က ဂ်ီေရာ့ကုိ အေကာင္းဆုံး အသုံးျပဳရေတာ့မွာေနာ္လုိ႔ အေမးခံရတဲ့ အခ်ိန္မွာ သူက “ဒါက ကစားသမားေတြ အားလုံးနဲ႔ ဆုိင္တဲ့ ကြ်န္ေတာ့္ရဲ႕ အလုပ္ပါ။ လုိခ်င္တဲ့ ပုံစံနဲ႔ ကစားဖုိ႔ရယ္ ကစားသမားတစ္ဦးခ်င္းစီကုိ ၾကည့္ေနဖုိ႔က အလြန္ အေရးႀကီးလွပါတယ္” လုိ႔ ေျပာခဲ့ပါတယ္။ သူဟာ ကစားသမားသစ္ ေရာက္လာမလားလုိ႔ အေမးခံခဲ့ရတဲ့ အခ်ိန္မွာ သူက “ဘယ္သူမွ ထြက္မွ မဟုတ္လုိ႔ ဘယ္သူ႔ကုိမွ မေခၚပါဘူး”လုိ႔ ျပတ္သားစြာ ျပန္ေျဖသြားခဲ့ပါတယ္။

{Unicode}

ချလ်ဆီး နည်းပြ လမ်းပတ်ကတော့ ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်း ကစားသမားသစ် (၁) ဦးမှ မခေါ်နိုင်ဘဲနဲ့ အဆုံးသတ်သွားတော့မှာပါလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု အယူခံဝင်တာ အောင်မြင်ခဲ့ပြီး လူသစ် ခေါ်ယူလို့ ရရှိခဲ့တာ ဖြစ်ပေမဲ့လည်း လက်ရှိမှာတော့ ကစားသမားသစ် တစ်ဦးမှ မခေါ်နိုင်ဘဲ ဆောင်းရာသီ အပြောင်းအရွှေ့ကို နှုတ်ဆက်ရတော့မှာပါ။

Photo Credit: Skysports

ချဲလ်ဆီး နည်းပြ လမ်းပတ်ဟာ တိုက်စစ်မှူး ဂျီရော့ရဲ့ နေရာကို အစားထိုးမယ့် တိုက်စစ်မှူးတွေကို ခေါ်ယူချင်ခဲ့ပြီး ပီယာတက်ခ် နဲ့ ဒရိုင်း မာတင်တို့ကို ချိတ်ဆက်ခဲ့ပေမဲ့လည်း တစ်ဦးမှ မခေါ်နိုင်ဘဲ အပြောင်းအရွေ့ ပိတ်သိမ်းရပြီ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ဟာ ကစားသမားသစ် ရောက်လာမလားလို့ အမေးခံရတဲ့ အချိန်မှာ၊ ဘယ်သူမှ ထွက်မှာ မဟုတ်သလို ဘယ်သူ့ကိုမှ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Skysports

ချဲလ်ဆီး နည်းပြ လမ်းပတ်ဟာ အခုအချိန်က ဂျီရော့ကို အကောင်းဆုံး အသုံးပြုရတော့မှာနော်လို့ အမေးခံရတဲ့ အချိန်မှာ သူက “ဒါက ကစားသမားတွေ အားလုံးနဲ့ ဆိုင်တဲ့ ကျွန်တော့်ရဲ့ အလုပ်ပါ။ လိုချင်တဲ့ ပုံစံနဲ့ ကစားဖို့ရယ် ကစားသမားတစ်ဦးချင်းစီကို ကြည့်နေဖို့က အလွန် အရေးကြီးလှပါတယ်” လို့ ပြောခဲ့ပါတယ်။ သူဟာ ကစားသမားသစ် ရောက်လာမလားလို့ အမေးခံခဲ့ရတဲ့ အချိန်မှာ သူက “ဘယ်သူမှ ထွက်မှ မဟုတ်လို့ ဘယ်သူ့ကိုမှ မခေါ်ပါဘူး”လို့ ပြတ်သားစွာ ပြန်ဖြေသွားခဲ့ပါတယ်။