ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ထားခံရတဲ႔ ဖရန္႔လမ္းပတ္ဟာ ေဘာလုံးသမားဘဝကေန အနားယူၿပီးသြားတဲ႔ေနာက္မွာ နည္းျပေလာကထဲကုိ ဝင္ေရာက္လာခဲ႔ၿပီး ဒါဘီေကာင္တီအသင္းကို ကုိင္တြယ္ျဖစ္ခဲ့သလုိ တစ္ႏွစ္အၾကာမွာပဲ အသင္းေဟာင္းခ်ယ္လ္ဆီးရဲ႕ နည္းျပအျဖစ္ တာဝန္ေပးအပ္ျခင္းကုိ ပုိင္ဆုိင္ခဲ႔ရေပမယ့္ သူရဲ႕ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ အုိးထရက္ဖုိဒ့္ကြင္းအတြင္း ၄ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ႔ရသလုိ တာထြက္မလွခဲ့ပဲ ရုပ္ပ်က္ဆင္းပ်က္ ျဖစ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒီပြဲနဲ႔ပတ္သက္ၿပီး ခ်ယ္လ္ဆီးပရိသတ္ေတြအျပင္ ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပေဟာင္းလည္းျဖစ္သလုိ လက္ရွိ နာမည္ေက်ာ္ ၿဗိတိန္အားကစားရုပ္သံ Sky Sports မွာ ေဘာလုံးပြဲသုံးသပ္သူအျဖစ္ လုပ္ေဆာင္ေနတဲ႔ ဟုိေဆးေမာ္ရင္ဟုိတုိ႔က ခ်ယ္လ္ဆီးရဲ႕ ပြဲထြက္ကစားသမားအတြင္း ကန္တီ ဂ်ရွုး အလြန္ဆုိတုိ႔လုိ ကစားသမားေကာင္းေတြ မပါဝင္ပဲ အကယ္ဒမီထြက္ ကစားသမားသာ ပါဝင္ေနျခင္းအေပၚ ေဝဖန္ေထာက္ျပ ေျပာဆုိလာခဲ႔ပါတယ္။ ဒါေပမယ့္ လမ္းပတ္ကေတာ့ ဒီစကားေတြအေပၚမွာ လက္သင့္ခံႏုိင္ျခင္းမရွိပဲနဲ႔ တုန္႔ျပန္ေျပာဆုိမႈေတြကုိ ျပန္လည္ျပဳလုပ္လာခဲ႔ပါတယ္။

Photo Credit : Getty Images

လမ္းပတ္က “ကြ်န္ေတာ္အေနနဲ႔ကေတာ့ ပြဲထြက္ကစားဖုိ႔အတြက္ ႀကံခုိင္မႈမျပည့္ဝေနတဲ႔ ကစားသမားေတြကုိ ပြဲထြက္လူစာရင္းထဲ ထည့္မသြင္းႏုိင္ပါဘူး။ သူတုိ႔က စီနီယာကစားသမားေတြ ျဖစ္ေနဦးေတာ့ အဲ႔ဒီလုိ မလုပ္ႏုိင္ပါဘူး။ အဲ႔ဒီေန႔က ပါဝင္ခဲ႔ၾကသူေတြက ပြဲထြက္ကစားသမားအတြက္ အဆင္အေျပဆုံးသူေတြပါ။ ကြ်န္ေတာ္တုိ႔အသင္းက ၄၅မိနစ္ ထပ္ေျပာရမယ္ဆုိရင္ မိနစ္၆၀ေလာက္အထိ ပုိေကာင္းတဲ႔အသင္းအျဖစ္ ကစားျပႏုိင္ခဲ႔တာပါ။ ဘယ္အရာေတြက အဆုိးဆုံးကုိ ဦးတည္သြားေစခဲ႔တာလဲဆုိေတာ့ ၄ႀကိမ္က်ဴးလြန္မိခဲ႔တဲ႔ အမွားေတြကေန ဂုိးေတြရသြားခဲ႔တာပါ။ ဒါက ကြ်န္ေတာ့္အသင္းအတြက္ အရမ္းကုိ နစ္နာေစခဲ႔ရပါတယ္”

Photo Credit : Getty Images

“ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ္တုိ႔အသင္းရဲ႕ ရလဒ္ေတြကုိၾကည့္ၿပီး ေဘာလုံးပြဲသုံးသပ္ေနတဲ႔သူေတြ ေဝဖန္ေျပာဆုိတဲ႔အေပၚမွာ ဘာစုိးရိမ္စိတ္မွကုိ ရွိမေနဘူး။ သူတုိ႔ေတြက သူတုိ႔စိတ္ႀကိဳက္ေျပာၾကဆုိၾကႏုိင္ေပမယ့္ ကုိယ့္အသင္းအေၾကာင္း ကုိယ္ပဲအသိဆုံးပါ။ အဲ႔ဒီပြဲမွာ ကြ်န္ေတာ္တုိ႔အသင္း ကံဆုိးခဲ႔ပါတယ္။ ပထမပုိင္းထဲမွာပဲ ၂ဂုိး ၃ဂုိးေလာက္ ရသြားႏုိင္မယ့္ အေနအထားပါ။ အဲ့ဒီအခြင့္အေရးေကာင္းေတြသာ ဂုိးအျဖစ္ေျပာင္းလဲႏုိင္ခဲ့မယ္ဆုိရင္ ရလဒ္က လုံးဝေျပာင္းလဲသြားမွာပါ” လုိ႔ တုန္႔ျပန္ေျပာဆုိလုိ႔သြားခဲ႔ပါတယ္။ လမ္းပတ္ဟာ သူရဲ႕ ေနာက္ထပ္စိန္ေခၚမႈတစ္ရပ္အျဖစ္ လာမယ့္ၾကားရက္မွာ လီဗာပူးလ္အသင္းနဲ႔ ဥေရာပစူပါဖလားၿပိဳင္ပြဲကုိ ဆက္လက္ဆင္ႏြဲသြားရေတာ့မွာပဲျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားခံရတဲ့ ဖရန့်လမ်းပတ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးသွားတဲ့နောက်မှာ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဒါဘီကောင်တီအသင်းကို ကိုင်တွယ်ဖြစ်ခဲ့သလို တစ်နှစ်အကြာမှာပဲ အသင်းဟောင်းချယ်လ်ဆီးရဲ့ နည်းပြအဖြစ် တာဝန်ပေးအပ်ခြင်းကို ပိုင်ဆိုင်ခဲ့ရပေမယ့် သူရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖိုဒ့်ကွင်းအတွင်း ၄ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရသလို တာထွက်မလှခဲ့ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီပွဲနဲ့ပတ်သက်ပြီး ချယ်လ်ဆီးပရိသတ်တွေအပြင် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်းလည်းဖြစ်သလို လက်ရှိ နာမည်ကျော် ဗြိတိန်အားကစားရုပ်သံ Sky Sports မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် လုပ်ဆောင်နေတဲ့ ဟိုဆေးမော်ရင်ဟိုတို့က ချယ်လ်ဆီးရဲ့ ပွဲထွက်ကစားသမားအတွင်း ကန်တီ ဂျရှုး အလွန်ဆိုတို့လို ကစားသမားကောင်းတွေ မပါဝင်ပဲ အကယ်ဒမီထွက် ကစားသမားသာ ပါဝင်နေခြင်းအပေါ် ဝေဖန်ထောက်ပြ ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်ကတော့ ဒီစကားတွေအပေါ်မှာ လက်သင့်ခံနိုင်ခြင်းမရှိပဲနဲ့ တုန့်ပြန်ပြောဆိုမှုတွေကို ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။

Photo Credit : Getty Images

လမ်းပတ်က “ကျွန်တော်အနေနဲ့ကတော့ ပွဲထွက်ကစားဖို့အတွက် ကြံခိုင်မှုမပြည့်ဝနေတဲ့ ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲ ထည့်မသွင်းနိုင်ပါဘူး။ သူတို့က စီနီယာကစားသမားတွေ ဖြစ်နေဦးတော့ အဲ့ဒီလို မလုပ်နိုင်ပါဘူး။ အဲ့ဒီနေ့က ပါဝင်ခဲ့ကြသူတွေက ပွဲထွက်ကစားသမားအတွက် အဆင်အပြေဆုံးသူတွေပါ။ ကျွန်တော်တို့အသင်းက ၄၅မိနစ် ထပ်ပြောရမယ်ဆိုရင် မိနစ်၆၀လောက်အထိ ပိုကောင်းတဲ့အသင်းအဖြစ် ကစားပြနိုင်ခဲ့တာပါ။ ဘယ်အရာတွေက အဆိုးဆုံးကို ဦးတည်သွားစေခဲ့တာလဲဆိုတော့ ၄ကြိမ်ကျူးလွန်မိခဲ့တဲ့ အမှားတွေကနေ ဂိုးတွေရသွားခဲ့တာပါ။ ဒါက ကျွန်တော့်အသင်းအတွက် အရမ်းကို နစ်နာစေခဲ့ရပါတယ်”

Photo Credit : Getty Images

“ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းရဲ့ ရလဒ်တွေကိုကြည့်ပြီး ဘောလုံးပွဲသုံးသပ်နေတဲ့သူတွေ ဝေဖန်ပြောဆိုတဲ့အပေါ်မှာ ဘာစိုးရိမ်စိတ်မှကို ရှိမနေဘူး။ သူတို့တွေက သူတို့စိတ်ကြိုက်ပြောကြဆိုကြနိုင်ပေမယ့် ကိုယ့်အသင်းအကြောင်း ကိုယ်ပဲအသိဆုံးပါ။ အဲ့ဒီပွဲမှာ ကျွန်တော်တို့အသင်း ကံဆိုးခဲ့ပါတယ်။ ပထမပိုင်းထဲမှာပဲ ၂ဂိုး ၃ဂိုးလောက် ရသွားနိုင်မယ့် အနေအထားပါ။ အဲ့ဒီအခွင့်အရေးကောင်းတွေသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ရလဒ်က လုံးဝပြောင်းလဲသွားမှာပါ” လို့ တုန့်ပြန်ပြောဆိုလို့သွားခဲ့ပါတယ်။ လမ်းပတ်ဟာ သူရဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ရပ်အဖြစ် လာမယ့်ကြားရက်မှာ လီဗာပူးလ်အသင်းနဲ့ ဥရောပစူပါဖလားပြိုင်ပွဲကို ဆက်လက်ဆင်နွဲသွားရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။