ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ ယနေ့ည၊ အင်္ဂါနေ့ နံနက် (၂း၃၀) အချိန်မှာ ကစားသွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူအသင်းကို အဝေးကွင်း အိုးထရက်ဖို့ဒ်မှာ (၄-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာအတွက် အိမ်ကွင်း စတန့်ဖို့ဒ် ဘရိတ်ချ်ကွင်းမှာ လက်စားချေမယ်လို့ ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီအစက မန်ယူ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းကို (၄-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ယနေ့ညမှာ မန်ယူအသင်းကို အိမ်ကွင်း စတန့်ဖို့ဒ် ဘရိတ်ချ်ကွင်းမှာ ပြန်ဧည့်ခံရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို စတင် နည်းပြစဉ်မှာ မန်ယူအသင်းကို (၄-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးတာနဲ့ ပြီးသွားတာ မဟုတ်ဘဲ ဝေဖန်မှုတွေလည်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်မှာသာမက ကာရာဘောင် ဖလား ပြိုင်ပွဲမှာပါ မန်ယူအသင်းကို (၂-၁) နဲ့ အရေးနိမ့်ခဲ့ရတာကြောင့် နည်းပြ လမ်းပတ်ကတော့ ယနေ့ည ကစားမယ့် ပွဲစဉ်မှာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကို အနိုင်အဖြစ် ပြန်ပြင်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်က “မန်ချက်စတာ ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တာကို တကယ့် ဗိုလ်လုပွဲ အကြိုပွဲစဉ်လို့တော့ ကျွန်တော် မမြင်ပါဘူး။ အဲဒီနေ့က ခံစားချက်မကောင်းခဲ့ပါဘူး။ ဒီနေ့ညမှာ အဲဒီအရာကို ပြန်ပြင်နိုင်မယ် ဆိုရင် သိပ် ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီရှုံးပွဲကို ကြီးမားတဲ့ နာကျင်စရာလို့တော့ ကျွန်တော် မမှတ်ယူပါဘူး။ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကနေ လက်ရှိရာသီမှာ ဘာပြန်ရနိုင်မလဲ ဆိုတာကို မြင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။