ချယ်လ်ဆီးအသင်းရဲ့နည်းပြ လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ လူခေါ်ယူမှု မပြုလုပ်ပေးခဲ့တာကြောင့် ဘုတ်အဖွဲ့နဲ့ ဆက်ဆံရေးတွေ ဆိုးရွားနေသူ ဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ကီပါကို လက်စတာအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့တာကြောင့် ဘုတ်အဖွဲ့နဲ့ ထပ်မံ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit: Express.com

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ဂိုးသမား ကီပါဟာ လက်ရှိရာသီမှာတော့ ပြောင်းရွှေ့ကြေးနဲ့ မထိုက်တန်တဲ့ လက်စွမ်းကိုသာ ပြသထားနိုင်ခဲ့ပြီး အမှားအယွင်းအများအပြား ကျူးလွန်ခဲ့သလို ၊ ဂိုးပေါက်ကာကွယ်မှုမှာလည်း ပရီးမီးယားလိဂ်ရဲ့ အဆိုးဝါးဆု​ံး ဂိုးသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

Photo Credit: Express.com

ဒါ့ကြောင့်လည်း လမ်းပတ်က အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တ​ဲ့ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ကီပါကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပြီး ဒုတိယဂိုးသမား ကာဘယ်လာရိုကို ပွဲထွက် ကစားခွင့်ပေးခဲ့တာပါ။ လက်ရှိမှာတော့ အဆိုပါ ကိစ္စကြောင့် လမ်းပတ်ဟာ ဘုတ်အဖွဲ့ကို ဖြေရှင်းချက် ပေးရတော့မယ်လို့ သိရပါတယ်။

Photo Credit: Express.com

လန်ဒန်အခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက် အရ လမ်းပတ်ဟာ ကီပါကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့မှုနဲ့ ပတ်သတ်ပြီး ဘုတ်အဖွဲ့ဝင်တွေနဲ့ သဘောထားကွဲလွဲနေကြောင်း သိရပြီး အဆိုပါ ကိစ္စကြောင့် ဘုတ်အဖွဲ့တွေထံကို ဖြေရှင်းချက် တစ်စောင် ပို့ပေးရမယ်လို့ သိထားရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုအရ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ အနေအထားကြောင့် လမ်းပတ်ဟာ ချယ်လ်ဆီး အသင်းကနေ ရာသီကုန်မှာ ထွက်ခွာသွားရဖို့ ရှိတယ်လို့ သိရပါတယ်။