ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ကွန်တီကတော့ လက်ရှိ ချဲလ်ဆီး နည်းပြ ဖြစ်သူ လမ်းပတ်ကို အနာဂတ်မှာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်လို့ ချီးကျူးသွားလိုက်ပြီး နည်းပြ လမ်းပတ်မှာ အကောင်းဆုံး နည်းပြ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ဆိုပါတယ်။ နည်းပြ ကွန်တီဟာ လက်ရှိမှာကတော့ အီတလီ စီးရီးအေ ပြိုင်ပွဲက အင်တာမီလန်အသင်းကို နည်းပြနေပြီး ချဲလ်ဆီးအသင်းကို (၂၀၁၆) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အထိ နည်းပြခဲ့စဉ်က ပရီးမီးယားလိဂ် ဆုဖလား (၁) ကြိမ် နဲ့ အက်ဖ်အေ ဆုဖလား (၁) ကြိမ်ကို ရယူပေးခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ နည်းပြ ဆာရီကို ထုတ်ပယ်ပြီးနောက် ချဲလ်ဆီးအသင်းမှာ (၁၂) နှစ်ခန့် ကစားခဲ့စဉ်က ချဲလ်ဆီးအသင်းနဲ့ အတူ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့ အသင်း ကစားသမားဟောင်း လမ်းပတ်ကို (၂၀၁၉) ခုနှစ်မှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နည်းပြ လမ်းပတ်ဟာ ဒါဘီ ကောင်တီအသင်းမှာ နည်းပြဘဝကို စတင်ခဲ့ပြီး ဒါဘီ ကောင်တီ အသင်းကို (၁) နှစ်ခန့်ကြာ နည်းပြပြီးနောက် ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီး အသင်းရဲ့ နည်းပြဟောင်း ကွန်တီကတော့ လမ်းပတ်ကို ချီးကျူးသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

Sky Sports မှာ ကွန်တီက “လမ်းပတ်က တကယ် ကောင်းမွန်စွာ အလုပ်လုပ်နေပါတယ်လို့ပဲ ကျွန်တော် ထင်ပါတယ်။ အခုတစ်ခေါက်က ဒါဘီ ကောင်တီအသင်းကို နည်းပြပြီးမှ နည်းပြတဲ့ ဒုတိယ အတွေ့အကြုံပါ။ အဲဒီတော့ ထိပ်သီးအသင်း အသင်းရဲ့ နည်းပြချုပ် ဖြစ်ရတာကတော့ မလွယ်ဘူး။ သူက ကမ္ဘာ့ အကောင်းဆုံး နည်းပြ ဖြစ်လာနိုင်တဲ့ ကျွမ်းကျင်မှု နဲ့ အရည်အချင်း ရှိနေတယ်လို့ ကျွန်တော် မြင်တယ်။ သူ့အနေနဲ့ သူ့ရဲ့ နည်းနဲ့ ဆက်လုပ်နေဖို့ လိုအပ်ပြီး သူ့ကို အနာဂတ်မှာ အကောင်းဆုံး နည်းပြ ဖြစ်လာပါစေလို့ ဆန္ဒပြုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို (၂၀၁၉) ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ကနေ လက်ရှိ အချိန်အထိ နည်းပြနေဆဲ ဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၄၂) ပွဲ နည်းပြခဲ့ရာမှာ (၂၁) ပွဲ အနိုင်ရခဲ့ပါတယ်။