မနေ့ညက အစောပိုင်းမှာ ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန် ဒါဘီပွဲစဉ်မှာတော့ အိမ်ရှင် ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ပိုမို အခြေအနေကောင်းလာခဲ့ပါတယ်။ ဧည့်သည် စပါးအသင်းကတော့ အဓိက ကစားသမားတွေကို ဆုံးရှုံးထားရသလို ချယ်လ်ဆီးအသင်းနဲ့လဲ အမှတ်ကွာဟချက် များပြားသွားခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မရေရာ မသေချာတဲ့ အနေအထားမျိုးကို ရောက်ရှိသွားပါတယ်။

Photo Credit: Metro.com

လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ ပွဲစတယ်ဆိုကတည်းက ဦးဆောင်ဂိုး ရရှိဖို့ အကြိတ်အနယ် ကြိုးစားကစားခဲ့ကြပြီး ချယ်လ်ဆီးအသင်းဘက်ကတော့ အိမ်ရှင် ဖြစ်တာနဲ့အညီ စပါးအသင်းဘက်ကို ပိုပြီးတော့ ဖိအားပေးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေကိုလဲ ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၅မိနစ် မှာ ဂျရူးနဲ့ ပွဲကစားချိန် ၄၈မိနစ်တို့မှာ မားကို့စ် အလွန်ဆိုတို့က သွင်းယူပေးခဲ့ကြပြီး စပါး အသင်းအတွက် ချေပဂိုးကတော့ ချယ်လ်ဆီး နောက်ခံလူ ရူဒီဂါရဲ့ ပွဲချိန် ၈၈မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကနေ ရရှိခဲ့တာပါ။

Photo Credit: Metro.com

စပါးအသင်းကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် ဟာ ဆရာဟောင်းဖြစ်သူ မော်ရင်ဟိုကို ပရီးမီးယားလိဂ်မှာ နှစ်ကျော့စလုံး အနိုင်ရရှိခဲ့တဲ့ ပထမဦးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ် လို့ သိရှိရပါတယ်။ လမ်းပတ်ဟာ ဒီရာသီမှာ မော်ရင်ဟိုရဲ့ စပါးအသင်းကို နှစ်ကျော့စလုံးမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာပါ။ ဒါ့အပြင် လမ်းပတ်ဟာ ဒါဘီနည်းပြ အဖြစ် တာဝန်ယူချိန်မှာလဲ မော်ရင်ဟိုရဲ့ မန်ယူအသင်းကို အနိုင်ရရှိခဲ့ဖူးတာကြောင့် လမ်းပတ် အနေနဲ့ ဆရာဟောင်း မော်ရင်ဟိုကို သုံးပွဲကန် သုံးပွဲနိုင်ဆိုတဲ့ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင် ခဲ့ပါတယ်။

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container]