MySport Myanmar

ကိုဗင်ထရီ နည်းပြရာထူးအတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ လမ်းပတ်နဲ့ နစ္စတဲလ်ရွိုင်း

အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီစီးတီးအသင်းဟာ အသင်းရဲ့ နည်းပြ မာ့ခ် ရော်ဘင်စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် ချယ်လ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ်နဲ့ မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြဟောင်း ရုဒ် ဗန် နစ္စတဲလ်ရွိုင်းတို့ကို မျက်စိကျနေပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ရော်ဘင်စ်ဟာ ကိုဗင်ထရီအသင်းကို (၂)ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ ၂၀၁၇ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာ (၇)ရက်နေ့အထိ ကိုင်တွယ်ခဲ့ရပါတယ်။ နည်းပြရော်ဘင်စ်ဟာ ကိုဗင်ထရီ ပရိသတ်အကြိုက် နည်းပြဖြစ်ပေမယ့်လည်း ဒီရာသီထဲ ရလဒ်တွေ ဆိုးရွှားနေတာကြောင့် ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ကိုဗင်ထရီအသင်းဟာ ပြီးခဲ့တဲ့ ရာသီကဆိုရင် FA Cup ဆီမီးဖိုင်နယ်နဲ့ ချန်ပီယံရှစ် ပလေးအော့အဆင့်တွေအထိ တက်လှမ်းခဲ့ရပေမယ့် ဒီရာသီမှာတော့ ချန်ပီယံရှစ်ပြိုင်ပွဲ အဆင့် (၁၇)အထိတောင် ရောက်ရှိနေရတာကြောင့် အသင်းဘက်ကနေ နည်းပြရော်ဘင်စ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗင်ထရီက ယာယီနည်းပြ ရွိုင်းကားနဲ့ ဖြတ်သန်းနေပြီး လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ချယ်လ်ဆီး အဲဗာတန် ဒါဘီကောင်တီအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြလမ်းပတ်ကို ဆက်သွယ်နေသလို PSV နည်းပြဟောင်းနဲ့ ယူနိုက်တက် လက်ထောက်နည်းပြဟောင်း နစ္စတဲလ်ရွိုင်းကိုလည်း ချိန်ရွယ်နေပါတယ်။

Photo Credit : The Mirror

ချယ်လ်ဆီးဂန္တဝင်ဟောင်းနဲ့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်က အဲဗာတန်အသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်ခဲ့ရပေမယ့် လတ်တလောမှာ ရိုးမားအသင်းနဲ့ သတင်းတွေ ထွက်ခဲ့သလို အခုဆိုလည်း ကိုဗင်ထရီနဲ့ပါ သတင်းတွေ အတော်လေး ထွက်ပေါ်နေရပါတယ်။

ဒါ့အပြင် သိပ်မကြာသေးခင်ကပဲ ယူနိုက်တက်ကနေ ထွက်ခွာလာခဲ့ရတဲ့ နစ္စတဲလ်ရွိုင်းဟာလည်း အဲဗာတန် လက်စတာတို့နဲ့ သတင်းထွက်နေသလို ကိုဗင်ထရီအသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်နေရပြန်ပါတယ်။ ကိုဗင်ထရီဘက်ကတော့ ဒါဘီနဲ့အတူ ချန်ပီယံရှစ်မှာ ကျင်လည်ခဲ့ဖူးတဲ့ လမ်းပတ်ကိုသာ ဦးစားပေး ကြိုးပမ်းသွားဖို့ ရှိနေပြီး လာမယ့်တစ်ပတ်မှာပဲ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Exit mobile version