ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ကေတာ့ အခုလ ဇန္နဝါရီလ အေျပာင္းအေရြ႕ ေစ်းကြက္အတြင္းမွာပဲ ခ်ဲလ္ဆီး နဲ႔ ျပင္သစ္ တုိက္စစ္မွဴး ဂ်ီေရာ့ကုိ ေရာင္းခ်ႏုိင္တယ္လုိ႔ အတည္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ တုိက္စစ္မွဴး ဂ်ီေရာ့ဟာ လက္ရွိရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ ၿပိဳင္ပဲြစုံ (၇) ပဲြသာ ကစားခဲ့ၿပီး ကစားထားတဲ့ ပဲြစဥ္ (၇) ပဲြမွာလည္း ပဲြစဥ္ (၂) ပဲြကုိသာ ပဲြထြက္ ကစားခဲ့ရတာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

တုိက္စစ္မွဴး ဂ်ီေရာ့ဟာ ခ်ဲလ္ဆီးအသင္းမွာ တုိက္စစ္မွဴး ေအဘရာဟင္ရဲ႕ ေနာက္မွာ ရွိေနရၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္ ကုန္ဆုံးဖုိ႔ အခ်ိန္ (၆) လၾကာသာ က်န္ရွိေနေတာ့တာပဲ ျဖစ္ပါတယ္။ တုိက္စစ္မွဴး ဂ်ီေရာ့ဟာ တနဂၤေႏြညက ေနာ္တင္ဟမ္အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအ ဖလား တတိယ အဆင့္ ပဲြစဥ္မွာ အရန္ခုံမွာ ထုိင္ရၿပီး ခ်ဲလ္ဆီးအသင္းက (၂-၀) နဲ႔ အႏုိင္ရခဲ့ပါတယ္။

Photo Credit: Goal

နည္းျပ လမ္းပတ္က “ဂ်ီေရာ့နဲ႔ ပက္သက္ၿပီး သတင္း အသစ္ မရွိေသးပါဘူး။ ဒါေပမဲ့ ကြ်န္ေတ္ာ သူနဲ႔ စကားေျပာခဲ့ပါတယ္။ တကယ္လုိ႔ သူက အသင္းကေန တကယ္ ထြက္သြားခ်င္ၿပီး အသင္း အတြက္၊ ကြ်န္ေတာ့္အတြက္ နဲ႔ ကစားသမားေတြအတြက္ အလုပ္ ျဖစ္ရင္ေတာ့ သူ႔ကုိ ေရာင္းႏုိင္ပါတယ္။ ဒါေပမဲ့ ကြ်န္ေတ္ာတုိ႔ သူ႔ကုိ ေရာင္းခ်မလား ေစာင့္ၾကည့္ရမွာပါ”လုိ႔ ေျပာသြားပါတယ္။

Photo Credit: Goal

ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ကေတာ့ (၂၀၁၉) ခုႏွစ္၊ ဒီဇင္ဘာလ အစက စၿပီး ကစားသမားသစ္ ေခၚယူခြင့္ ျပန္ရခဲ့တာေၾကာင့္ ေဒါ့မြန္ တုိက္စစ္မွဴး ဆန္ခ်ဳိကုိ ေခၚယူဖုိ႔ ပစ္မွတ္ထားေနပါတယ္။ နည္းျပ လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းကေန တုိက္စစ္မွဴး ဂ်ီေရာ့ ထြက္သြားရင္ သူ႔ရဲ႕ ေနရာကုိ ခ်က္ခ်င္း အစားထုိးႏုိင္မယ့္ ကစားသမားကုိ ခ်က္ခ်င္း ေခၚယူူသြားဖြယ္လည္း ရိွိေနျပန္ပါတယ္။

{Unicode}

ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ အခုလ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာပဲ ချဲလ်ဆီး နဲ့ ပြင်သစ် တိုက်စစ်မှူး ဂျီရော့ကို ရောင်းချနိုင်တယ်လို့ အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျီရော့ဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၇) ပွဲသာ ကစားခဲ့ပြီး ကစားထားတဲ့ ပွဲစဉ် (၇) ပွဲမှာလည်း ပွဲစဉ် (၂) ပွဲကိုသာ ပွဲထွက် ကစားခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဂျီရော့ဟာ ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူး အေဘရာဟင်ရဲ့ နောက်မှာ ရှိနေရပြီး ချဲလ်ဆီးအသင်းနဲ့ စာချုပ် ကုန်ဆုံးဖို့ အချိန် (၆) လကြာသာ ကျန်ရှိနေတော့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျီရော့ဟာ တနင်္ဂနွေညက နော်တင်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်ရပြီး ချဲလ်ဆီးအသင်းက (၂-ဝ) နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်က “ဂျီရော့နဲ့ ပက်သက်ပြီး သတင်း အသစ် မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တေ်ာ သူနဲ့ စကားပြောခဲ့ပါတယ်။ တကယ်လို့ သူက အသင်းကနေ တကယ် ထွက်သွားချင်ပြီး အသင်း အတွက်၊ ကျွန်တော့်အတွက် နဲ့ ကစားသမားတွေအတွက် အလုပ် ဖြစ်ရင်တော့ သူ့ကို ရောင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တေ်ာတို့ သူ့ကို ရောင်းချမလား စောင့်ကြည့်ရမှာပါ”လို့ ပြောသွားပါတယ်။

Photo Credit: Goal

ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ အစက စပြီး ကစားသမားသစ် ခေါ်ယူခွင့် ပြန်ရခဲ့တာကြောင့် ဒေါ့မွန် တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ နည်းပြ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကနေ တိုက်စစ်မှူး ဂျီရော့ ထွက်သွားရင် သူ့ရဲ့ နေရာကို ချက်ချင်း အစားထိုးနိုင်မယ့် ကစားသမားကို ချက်ချင်း ခေါ်ယူူသွားဖွယ်လည်း ရှိနေပြန်ပါတယ်။