ချယ်လ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့် လမ်းပတ် က သူ့ရဲ့ အနာဂါတ် ချယ်လ်ဆီး နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထိုင်ခုံလှုပ်နေရပြီး သူ့ရဲ့ ရာထူးဟာ အရေးပေါ် မျည်းပေါ်မှာ ရောက်ရှိနေတယ်ဆိုတာကို သိရှိကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီး အသင်းအနေနဲ့ မနေ့ညက လက်စတာစီးတီး အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရပြီးတော့ ၂ ဂိုး- ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် ချယ်လ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ပွဲမှာ ၅ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ၂ပွဲသာ အနိုင်ရကာ ၁ပွဲ သရေ ဆိုတဲ့ မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။

Photo Credit: Express

အခုလို ရလဒ်ဆိုးတွေကြောင့် ချယ်လ်ဆီး အသင်းအနေနဲ့ လမ်းပတ် ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ခေါ်ယူဖို့ရာ အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ချယ်လ်ဆီး နည်းပြ လမ်းပတ် ကတော့ အခုလို ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့ နည်းပြရာထူးအပေါ် သက်ရောက်နိုင်မလား ဆိုတာ အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ “ ဒီအသင်းနဲ့ ပတ်သက်ပြီး အားလုံးရဲ့ မျှော်လင့်ချက်တွေက ကြီးမားလွန်းပါတယ်။ ဒါက အဲ့ဒီနေရာမှာ အမြဲတမ်းရှိနေမယ့် အရာပါပဲ။ အကယ်၍ ကျွန်တော် အသင်းမှာ ဆက်နေဖြစ်ခဲ့ရင် အဲ့ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ တစ်ချို့အရာတွေက ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲ ရှိနေပါတယ်။ ကျွန်တော် အတိအကျတော့ မဖြေနိုင်ပါဘူး ”

Photo Credit: Express

ဆက်လက်ပြီး လမ်းပတ်က သူ့ရဲ့ အသင်းခြေစွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောဆိုထားပါတယ်။ “ ကျွန်တော် စိုးရိမ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အရင်ပုံစံကနေ ကျွန်တော်တို့ အခု လက်ရှိပုံစံကို ရောက်တာ မြန်လွန်းခဲ့ပါတယ်။ ၈ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့တယ်၊ ဒါက ကျွန်တော်တို့ ဖြစ်ချင်ခဲ့တဲ့ အရာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်စတာ အရင်တစ်လက ရောက်ခဲ့တဲ့ နေရာကို ရောက်နေပါပြီ။ ခင်ဗျား အနေနဲ့ ဒီလိုသာ ရလဒ်ဆိုးနေရင်၊ ခင်ဗျားမှာ ယုံကြည်ချက် အနည်းငယ် ပျောက်ဆုံးနေတယ် ဆိုတာကို ခင်ဗျား ရုတ်တရက် နားလည်လာလိမ့်မယ်။ ကျွန်တော်တို့ကို ပိုကောင်းတဲ့ အသင်းက အနိုင်ယူသွားခဲ့တာပါ။ သူတို့က ကျွန်တော်တို့ထက် ပိုပြေးပြီးတော့ ပိုပြီးတော့ ကျွန်တော်တို့ထက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပုံစံကောင်းပျက်နေတဲ့ အသင်းတစ်သင်းလို ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ သွင်းဂိုးရနိုင်လောက်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ အဆုံးသတ်တွေ မပြတ်သားခဲ့ကြပါဘူး။ အခြေခံကျတဲ့ အရာတွေက ပြေးဖို့၊ အမြန်တာတိုပြေးဖို့ နဲ့ ဂိုးဧရိယာကို ကာကွယ်ဖို့ပါ၊ ကျွန်တော်တို့ အဲ့ဒီအရာတွေကို မလုပ်နိုင်ခဲ့ပါဘူး။ စိတ်အပျက်ရဆုံး အချက်ကတော့ ‌ဒီကိုလာ ကစားပြီးတော့ ရှုံးနိမ့်ရတာပါပဲ။ ဘောလုံးရဲ့ အခြေခံစည်းမျည်းတွေက အရေးကြီးပါတယ်။ ဘောလုံးပေါ်မှာဆိုရင်တော့ အခြေအနေကာင်းခဲ့ပါတယ်၊ ဒါပေမယ့် ပွဲတစ်ခုလုံး ချုံငုံလိုက်ရင်တော့ မကောင်းခဲ့ပါဘူး ” လို့ ပြောဆိုသွားခဲ့ပါတယ်။