ဒီႏွစ္ေဘာလုံးရာသီ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ္ ေဘာလုံးရာသီသစ္မွာ ေဘာလုံးပရိသတ္ေတြအမ်ားစု သိပ္ႏွစ္သက္ၾကျခင္းမရွိတဲ႔ ဗီဒီယုိအကူဒုိင္ VAR စနစ္ကုိ စတင္က်င့္သုံးခဲ႔တဲ႔အျပင္ နည္းစနစ္အသစ္မ်ားစြာကုိလည္း ထည့္သြင္းအသုံးျပဳလာခဲ႔လုိ႔ ေဘာလုံးသမားေတြအတြက္လည္း ေခါင္းေျခာက္ခဲ႔ရသလုိ ေဘာလုံးပြဲကုိ ၾကည့္ရွုအားေပးေနတဲ႔ ပရိသတ္ေတြအတြက္ကလည္း မ်က္စိလည္စရာ ျဖစ္ခဲ႔ရပါတယ္။ အထူးသျဖင့္ေျပာရမယ္ဆုိရင္ေတာ့ စပါးနဲ႔ အက္စတြန္ဗီလာအသင္းတုိ႔ပြဲက အဝါကတ္ျပခံခဲ႔ရတဲ႔ စပါးတုိက္စစ္ကစားသမား အဲရစ္လာမယ္လာရဲ႕ ျပစ္ဒဏ္ပဲျဖစ္ပါတယ္။

Photo Credit : Getty Images

အသစ္ေျပာင္းလဲလာခဲ႔တဲ႔ နည္းစနစ္ေတြထဲမွာ ပါဝင္လာခဲ႔တာတစ္ခုကေတာ့ ေဘာလုံးသမားေတြအေနနဲ႔ လူစားလဲတဲ႔အခါမွာ ယခင္လုိ လူစားဝင္မယ့္ ကစားသမားဆီကုိ တုိက္ရုိက္ေရာက္လာစရာမလုိပဲ သူရဲ႕နီးစပ္ရာေနရာကေနပဲ ကြင္းအတြင္းကေန ထြက္ခြာသြားရမယ့္ဆုိတဲ႔ အခ်က္ျဖစ္ပါတယ္။ ဒီလုိ လုပ္လုိက္ျခင္းအားျဖင့္ လူစားလဲေနတဲ႔အခ်ိန္မွာ အခ်ိန္ျဖဳန္းတီးမႈေတြကုိ ေလွ်ာ့ခ်ႏုိင္မွာျဖစ္ၿပီး တကယ္လုိ႔သာ ဒီစနစ္ကုိ မလုိက္သူေတြကုိ ကြင္းလယ္ဒုိင္ကေန အဝါကတ္ျပားျပသၿပီး သတိေပးႏုိင္ပါတယ္။ စပါးကစားသမား လာမယ္လာကေတာ့ ဒီစနစ္သစ္ကုိ မလုိက္နာမိခဲ႔တဲ႔အတြက္ေၾကာင့္ လူစားလဲၿပီးတဲ႔ေနာက္မွာ ကြင္းလယ္ဒုိင္ရဲ႕ အဝါကတ္ျပသျခင္းကုိ ခံလုိက္ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္ စပါးပရိသတ္ေတြရဲ႕ ေျပာဆုိခ်က္အရေရာ တကယ့္ကြင္းအတြင္း ျဖစ္ပြားခဲ႔တာေတြအရပါ လာမယ္လာအျပင္ အက္စတြန္ဗီလာအသင္းရဲ႕ ကစားသမားေတြထဲမွာ လူစားလဲတဲ႔အခါမွာ အနီးဆုံးေနရာကေန ထြက္မသြားခဲ႔ပဲ လူစားဝင္မယ့္ ကစားသမားေတြဆီကုိ တုိက္ရုိက္ေရာက္ရွိလာခဲ႔ေပမယ့္ ကြင္းလယ္ဒုိင္က သူတုိ႔ကုိေတာ့ အဝါကတ္ျပသျခင္း မရွိခဲ႔ပါဘူး။ အဲ႔ဒီအေပၚမွာ စပါးပရိသတ္ေတြက ေဒါသထြက္ေနတာျဖစ္ၿပီး ဘယ္လုိအေၾကာင္းအရင္းေတြေၾကာင့္ လာမယ္လာကုိ အဝါကတ္ျပားျပသခဲ့တာလည္းဆုိတာကုိပါ ေျဖရွင္းခ်က္ေတာင္းဆုိေနၾကပါတယ္။

Photo Credit : Getty Images

အဆုိပါကိစၥရပ္နဲ႔ပတ္သက္ၿပီး စပါးပရိသတ္မ်ားစြာက တြစ္တာေပၚကေန ေဝဖန္မႈေတြကုိ ျပဳလုပ္ေနၾကပါတယ္။ စပါးပရိသတ္ေတြက သူတုိ႔ကစားသမား လူစားလဲတဲ႔အေပၚမွာ အဝါကတ္ျပားျပသခဲ႔ၿပီးေတာ့ ဂုိးစည္းမွာ ေဘာလုံးအၾကာႀကီး ကုိင္ထားတဲ႔ ဗီလာဂုိးသမား တြမ္ဟီတန္ကုိေတာ့ အဝါကတ္ျပသျခင္းမရွိခဲ႔တဲ႔အေပၚမွာ စိတ္ပ်က္လ်က္ရွိေနၾကပါတယ္။ ဒီပြဲမွာ ဗီလာအသင္းက ဂြ်န္မက္ကင္းရဲ႕ သြင္းဂုိးနဲ႔ စတင္ဦးေဆာင္ႏုိင္ခဲ႔ေပမယ့္လည္း ဒုတိယပုိင္းအတြင္း ထုိးေဖာက္မႈေတြေၾကာင့္ အမ္ဒြန္ဘီလီနဲ႔ ဟယ္ရီကိန္းတုိ႔က အႏုိင္ဂုိးေတြ ဆက္လက္သြင္းယူၿပီး ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။

(Unicode)

ဒီနှစ်ဘောလုံးရာသီ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်မှာ ဘောလုံးပရိသတ်တွေအများစု သိပ်နှစ်သက်ကြခြင်းမရှိတဲ့ ဗီဒီယိုအကူဒိုင် VAR စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့အပြင် နည်းစနစ်အသစ်များစွာကိုလည်း ထည့်သွင်းအသုံးပြုလာခဲ့လို့ ဘောလုံးသမားတွေအတွက်လည်း ခေါင်းခြောက်ခဲ့ရသလို ဘောလုံးပွဲကို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်တွေအတွက်ကလည်း မျက်စိလည်စရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ စပါးနဲ့ အက်စတွန်ဗီလာအသင်းတို့ပွဲက အဝါကတ်ပြခံခဲ့ရတဲ့ စပါးတိုက်စစ်ကစားသမား အဲရစ်လာမယ်လာရဲ့ ပြစ်ဒဏ်ပဲဖြစ်ပါတယ်။

Photo Credit : Getty Images

အသစ်ပြောင်းလဲလာခဲ့တဲ့ နည်းစနစ်တွေထဲမှာ ပါဝင်လာခဲ့တာတစ်ခုကတော့ ဘောလုံးသမားတွေအနေနဲ့ လူစားလဲတဲ့အခါမှာ ယခင်လို လူစားဝင်မယ့် ကစားသမားဆီကို တိုက်ရိုက်ရောက်လာစရာမလိုပဲ သူရဲ့နီးစပ်ရာနေရာကနေပဲ ကွင်းအတွင်းကနေ ထွက်ခွာသွားရမယ့်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် လူစားလဲနေတဲ့အချိန်မှာ အချိန်ဖြုန်းတီးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပြီး တကယ်လို့သာ ဒီစနစ်ကို မလိုက်သူတွေကို ကွင်းလယ်ဒိုင်ကနေ အဝါကတ်ပြားပြသပြီး သတိပေးနိုင်ပါတယ်။ စပါးကစားသမား လာမယ်လာကတော့ ဒီစနစ်သစ်ကို မလိုက်နာမိခဲ့တဲ့အတွက်ကြောင့် လူစားလဲပြီးတဲ့နောက်မှာ ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြသခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် စပါးပရိသတ်တွေရဲ့ ပြောဆိုချက်အရရော တကယ့်ကွင်းအတွင်း ဖြစ်ပွားခဲ့တာတွေအရပါ လာမယ်လာအပြင် အက်စတွန်ဗီလာအသင်းရဲ့ ကစားသမားတွေထဲမှာ လူစားလဲတဲ့အခါမှာ အနီးဆုံးနေရာကနေ ထွက်မသွားခဲ့ပဲ လူစားဝင်မယ့် ကစားသမားတွေဆီကို တိုက်ရိုက်ရောက်ရှိလာခဲ့ပေမယ့် ကွင်းလယ်ဒိုင်က သူတို့ကိုတော့ အဝါကတ်ပြသခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီအပေါ်မှာ စပါးပရိသတ်တွေက ဒေါသထွက်နေတာဖြစ်ပြီး ဘယ်လိုအကြောင်းအရင်းတွေကြောင့် လာမယ်လာကို အဝါကတ်ပြားပြသခဲ့တာလည်းဆိုတာကိုပါ ဖြေရှင်းချက်တောင်းဆိုနေကြပါတယ်။

Photo Credit : Getty Images

အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး စပါးပရိသတ်များစွာက တွစ်တာပေါ်ကနေ ဝေဖန်မှုတွေကို ပြုလုပ်နေကြပါတယ်။ စပါးပရိသတ်တွေက သူတို့ကစားသမား လူစားလဲတဲ့အပေါ်မှာ အဝါကတ်ပြားပြသခဲ့ပြီးတော့ ဂိုးစည်းမှာ ဘောလုံးအကြာကြီး ကိုင်ထားတဲ့ ဗီလာဂိုးသမား တွမ်ဟီတန်ကိုတော့ အဝါကတ်ပြသခြင်းမရှိခဲ့တဲ့အပေါ်မှာ စိတ်ပျက်လျက်ရှိနေကြပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက ဂျွန်မက်ကင်းရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းအတွင်း ထိုးဖောက်မှုတွေကြောင့် အမ်ဒွန်ဘီလီနဲ့ ဟယ်ရီကိန်းတို့က အနိုင်ဂိုးတွေ ဆက်လက်သွင်းယူပြီး ၃ဂိုး၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။