လူးဝစ်ဆွာရက်ဇ်ကို ဧပြီလလောက်အထိ အနားပေးရမယ်ဆုုိတုန်းက အသင်းမှာ မက်ဆီ ဂရစ်ဇ်မန်း ဖာတီတို့အပြင် မကြာခင်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတော့မယ့် ဒမ်ဘီလီလည်း ရှိနေသေးတာကြောင့် ပြီးခဲ့တဲဲ့ဆောင်းရာသီစျေးကွက်မှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို မခေါ်ယူခဲ့ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အခုတော့ ဒမ်ဘီလီကို သူရဲ့နောက်တိုးဒဏ်ရာပြသာနာကြောင့် ရာသီကုန်အထိ ဆက်လက်အနားပေးရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ အခုလက်ရှိမှာ စပိန်လာလီဂ်ပြိုင်ပွဲက တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲဲ့ပြီး ထူးဆန်းတာကလည်း အခုအချိန်က စျေးကွက်ပိတ်ချိန် ဖြစ်နေတာပါပဲ။

Photo Credit : Forbes

ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တချို့ကတော့ သိနေကြမှာဖြစ်သလို ဘာကြောင့်လူခေါ်ခွင့်ရှိနေတာလဲဆိုတာကို မသိသူကလည်း များပြားပါတယ်။ တကယ်တော့ ဒါက ဘာစီလိုနာအတွက် သီးသန့်ခွင့်ပြုထားတာမျိုးမဟုတ်ပဲ စပိန်လာလီဂါ ဘောလုံးအသင်းတွေအတွက် သတ်မှတ်ပေးထားတဲ့ အပြောင်းအရွှေ့ပေါ်လစီအသစ်ကြောင့်ပဲဖြစ်ပါတယ်။ တကယ်လို့ စျေးကွက်ပိတ်နေချိန်အတွင်း လာလီဂါအသင်းတစ်သင်းကနေ ကစားသမားတစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး သူ့နေရာအတွက် မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်ချိန်မှာ ချမှတ်ထားတဲ့ စည်းကမ်းပါအချက်အတိုင်း ကိုက်ညီနေမယ်ဆိုရင် လာလီဂါပြိုင်ပွဲအတွင်းက ဘယ်ကစားသမားကိုမဆို ကမ်းလှမ်းခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goals News

ဒီအပြောင်းအရွှေ့ပေါ်လစီရဲ့အဓိကကျဆုံး အချက်တွေထဲမှာ ဒဏ်ရာရနေတဲ့ ကစားသမားက အနည်းဆုံး၅လလောက်အထိ အနားယူရမယ့် အခြေအနေမှာ ရှိနေရမှာဖြစ်ပြီး သူရဲ့နေရာအတွက် ကစားသမားသစ် ခေါ်ယူမယ်ဆိုရင် ဒဏ်ရာရကစားသမားကို အသင်းရဲ့လူစာရင်းကနေ ခေတ္တဖယ်ရှားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒမ်ဘီလီနေရာမှာ ကစားသမားသစ်တစ်ယောက် ဝင်လာချိန်အတွင်း ဒမ်ဘီလီအနေနဲ့ ဒဏ်ရာကနေ စောစီးစွာ သက်သာလာခဲ့မယ်ဆိုရင်လည်း ဘာစီလိုနာအသင်းအတွက် သတ်မှတ်ထားတဲ့ အချိန်ထိကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ဘာစီလိုနာအသင်းဟာ ဒီရာသီအတွင်း ရလဒ်တည်ငြိမ်မှုတွေ နည်းပါးလျက်ရှိပြီး လာလီဂါမှာရော ချန်ပီယံလိဂ်မှာပါ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ ဆွာရက်ဇ် ဒမ်ဘီလီတို့ မရှိတော့တဲ့ တိုက်စစ်ပိုင်းကို ရေတိုအင်အားဖြည့်ဖို့လိုနေပြီး ဝီလီယံဂျိုဆေး လူးဝစ်ဆွာရက်စ် မိုရွှန် လိုရန် လူးကပ်စ်ပီရက်ဇ်တို့ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။