ဘရာဇီးလ္သားေတြနဲ႔ အက်ိဳးေပးေလ့ရွိတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဖလာမင္ဂိုအသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ အသက္၁၈ႏွစ္ျပည့္ကာနီးေနၿပီျဖစ္တဲ့ ရိုင္နီယာကို ေျပာင္းေရႊ႕ေၾကး ယူရို ၃၀သန္းဝန္းက်င္နဲ႔ ေခၚယူနိုင္ေတာ့မယ္လို႔ သတင္းေတြ က်ယ္ျပန႔္စြာ ထြက္ေပၚေနပါတယ္။

Photo Credit: Marca.com

ဘာစီလိုနာအသင္းဟာ ဒိုင္နမိုဇာဂရက္ဘ္အသင္းရဲ့ ကြင္းလယ္လူ အိုလ္မိုကို ေခၚယူနိုင္ဖို႔အတြက္ ပရီးမီးယားလိဂ္အသင္းႏွစ္သင္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္း ၊ ယူနိုက္တက္အသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ေနရတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းဘက္ကေတာ့ အိုလ္မိုဟာ သူတို႔အသင္းဆီကို ေျပာင္းေရႊ႕လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းက ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္လို႔ေနတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွူး ကာဗာနီနဲ႔ ပတ္သတ္ၿပီး ပီအက္စ္ဂ်ီနည္းၿပ တူခ်ယ္က ကာဗာနီအေနနဲ႔ အသင္းမွာပဲ ဆက္ရွိဖို႔​ ေမၽွာ္လင့္ေၾကာင္း ဆိုသြားခဲ့ပါတယ္။ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးကာလအတြင္းကို ေရာက္ရွိေနသူပါ။

Photo Credit: Marca.com

ရီးရဲလ္မက္ဒရစ္အသင္းမွာ ေနရာမရတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ရိုဒရီဂြက္စ္ကို ေခၚယူဖို႔အတြက္ အန္ဆေလာ့တီနည္းျပေနတဲ့ အဲဗာတန္အသင္းဟာ အရွိန္အဟုန္ျမႇင့္ကာ ႀကိဳးပမ္းလာတယ္လို႔ သိရပါတယ္။ သတင္းေတြအရေတာ့ အဲဗာတန္အသင္းဟာ ရိုဒရီဂြက္စ္ကို ရာသီဝက္အငွားစာခ်ဳပ္နဲ႔အတူ ရာသီကုန္မွာ အၿပီးသတ္ဝယ္ယူခြင့္ရွိမယ့္ အခ်က္အလက္ကိုလည္း ထည့္သြင္းလိုေနတယ္လို႔ သိရပါတယ္။

ဗလင္စီယာအသင္းဟာ မန္စီးတီးအသင္းရဲ့ ညာေနာက္ခံလူ ကန္ဆယ္လိုကို အငွားနဲ႔ေခၚယူဖို႔အတြက္ အရွိန္ျမႇင့္ကာ ႀကိဳးပမ္းလာတယ္လို႔ စပိန္သတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ကန္ဆယ္လိုဟာ လက္ရွိေဘာလုံးရာသီမွာ မန္စီးတီးအသင္းအတြက္ ပြဲစဥ္အနည္းငယ္ကိုသာ ကစားခြင့္ရရွိထားသူ ျဖစ္ပါတယ္။

Photo Credit: Marca.com

ဘာစီလိုနာအသင္းဟာ သူတို႔အသင္းရဲ့ ညာေနာက္ခံလူ ဆီမီဒိုရဲ့ေျခစြမ္းအေပၚ အားရမွုမရွိတာေၾကာင့္ လစ္ဇက္အသင္းနဲ႔အတူ ေျခစြမ္းျပထားနိုင္တဲ့ ကလိုစတာမန္းကို ေခၚယူဖို႔ ႀကိဳးစားလာတယ္လို႔ သိရပါတယ္။ ကလိုစတာမန္းဟာ လက္ရွိေဘာလုံးရာသီမွာ လစ္ဇက္အသင္းနဲ႔အတူ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲမွာ ၁၆ပြဲအထိ ကစားခြင့္ရရွိထားသူ ျဖစ္ပါတယ္။

ဘရာဇီးလ်သားတွေနဲ့ အကျိုးပေးလေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖလာမင်ဂိုအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ အသက်၁၈နှစ်ပြည့်ကာနီးနေပြီဖြစ်တဲ့ ရိုင်နီယာကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းဟာ ဒိုင်နမိုဇာဂရက်ဘ်အသင်းရဲ့ ကွင်းလယ်လူ အိုလ်မိုကို ခေါ်ယူနိုင်ဖို့အတွက် ပရီးမီးယားလိဂ်အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်း ၊ ယူနိုက်တက်အသင်းတို့နဲ့ ယှဉ်ပြိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဘက်ကတော့ အိုလ်မိုဟာ သူတို့အသင်းဆီကို ပြောင်းရွှေ့လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက ခေါ်ယူဖို့အတွက် စောင့်ကြည့်လို့နေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီနဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီနည်းပြ တူချယ်က ကာဗာနီအနေနဲ့ အသင်းမှာပဲ ဆက်ရှိဖို့​ မျှော်လင့်ကြောင်း ဆိုသွားခဲ့ပါတယ်။ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေသူပါ။

Photo Credit: Marca.com

ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာမရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့အတွက် အန်ဆလော့တီနည်းပြနေတဲ့ အဲဗာတန်အသင်းဟာ အရှိန်အဟုန်မြှင့်ကာ ကြိုးပမ်းလာတယ်လို့ သိရပါတယ်။ သတင်းတွေအရတော့ အဲဗာတန်အသင်းဟာ ရိုဒရီဂွက်စ်ကို ရာသီဝက်အငှားစာချုပ်နဲ့အတူ ရာသီကုန်မှာ အပြီးသတ်ဝယ်ယူခွင့်ရှိမယ့် အချက်အလက်ကိုလည်း ထည့်သွင်းလိုနေတယ်လို့ သိရပါတယ်။

ဗလင်စီယာအသင်းဟာ မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ ကန်ဆယ်လိုကို အငှားနဲ့ခေါ်ယူဖို့အတွက် အရှိန်မြှင့်ကာ ကြိုးပမ်းလာတယ်လို့ စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ ကန်ဆယ်လိုဟာ လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပွဲစဉ်အနည်းငယ်ကိုသာ ကစားခွင့်ရရှိထားသူ ဖြစ်ပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ညာနောက်ခံလူ ဆီမီဒိုရဲ့ခြေစွမ်းအပေါ် အားရမှုမရှိတာကြောင့် လစ်ဇက်အသင်းနဲ့အတူ ခြေစွမ်းပြထားနိုင်တဲ့ ကလိုစတာမန်းကို ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ သိရပါတယ်။ ကလိုစတာမန်းဟာ လက်ရှိဘောလုံးရာသီမှာ လစ်ဇက်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ၁၆ပွဲအထိ ကစားခွင့်ရရှိထားသူ ဖြစ်ပါတယ်။