တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကနေ မေလ(၁၄)ရက်နေ့ကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး လိဂ်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲရယ် စပိန်နိုင်ငံအခြေစိုက် မီဒီယာကြီးတစ်ခုဖြစ်တဲ့ MEDIAPRO တို့ဟာ အာရှတိုက်ရဲ့နာမည်ကျော် အားကစားမီဒီယာကြီးတစ်ခုဖြစ်တဲ့ Super Sports တို့ဟာ တရုတ်နိုင်ငံအတွင်း SFCM လို့ စပိန်ဘောလုံး ကြော်ငြာနဲ့မားကတ်တင်း ကုမ္မဏီသစ်တစ်ခုကို တည်ထောင်သွားပြီး အာရှဒေသအတွင်း မီဒီယာနဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်သွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : sportsvenuebusiness

ဒီ SFCM လို့ အမည်ပေးထားတဲ့ ကုမ္မဏီအသစ်ဟာ တရုတ်နိုင်ငံမှာ အခြေစိုက်မှာဖြစ်ပေမယ့် တရုတ် ထိုင်ဝမ် မကာအိုနဲ့ ဟောင်ကောင်တွေမှာလည်း လုပ်ငန်းတွေ ချက်ချင်းလည်ပတ်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာရှိနေတဲ့ လာလီဂါရုံးတွေနဲ့ပါ အပြိုင်အဆိုင်လုပ်ဆောင်သွားမှာဖြစ်လို့ တိုးတတ်မှုတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။ SFCM ဟာ တရုတ်နိုင်ငံအတွင်းမှာ လာလီဂါပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု မြင့်တတ်လာအောင် ဖန်တီးလာမှာဖြစ်ပြီးတော့ ဒါဟာ ကလပ်အသင်းအတွက် အကျိုးရှိလာစေမှာဖြစ်တဲ့အပြင် မီဒီယာလုပ်ငန်းတွေနနဲဲ့ ဒေသခံအဆင့် ကြော်ငြာလုပ်ငန်းတွေရဲ့ စီးပွားရေးအခြေအနေတွေပါ ပိုမိုတိုးတတ်လာနိုင်မှာဖြစ်ပါတယ်။

Photo Credit : sportsvenuebusiness

အဆိုပါ SFCM ကုမ္မဏီအတွင်းမှာ စပိန်လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌဖြစ်သူ ဂျာဗီယားတီဘတ်စ်က ဘုတ်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိနေသလို ဒီလို ကုမ္မဏီကြီးတွေ ပူးပေါင်းဆောင်ရွှက်မှုဟာ နယ်မြေသစ်မှာ လာလီဂါနဲ့ပတ်သက်ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းလည်း ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။ SFCM ရဲ့ ဒါရိုက်တာတွေကတော့ လာမယ့်နှစ်အနည်းငယ်အတွင်း သူတို့ရဲ့လုပ်ငန်းဆောင်တာတွေ ပိုမိုတိုးတတ်စေချင်နေပြီး လက်ရှိမှာတော့ လာလီဂါရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဆာဂျီတော်ရန့်ကို SFCM ရဲ့ စီးအီးအိုအဖြစ် ရာထူးခန့်အပ်ပေးထားပါတယ်။