MySport Myanmar

မစ်ကီမောက်အသံမျိုး ထွက်နေလို့ အသံကြိုးကို ခွဲစိတ်ကုသမှု ခံယူရတော့မယ့် လာကာဇက်

လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆန်းဒါလာကာဇက်ဟာ ဒီနှစ် နွေရာသီ အစကတည်းက စကားပြောရာမှာ အသံအခက်အခဲ ဖြစ်နေရပြီး နာမည်ကျော် ကာတွန်းကာရိုက်တာ မစ်ကီမောက်လို အသံမျိုးပါ ထွက်ပေါ်နေတဲ့အတွက် လက်ရှိမှာ သူရဲ့အသံကြိုးကို ခွဲစ်ိတ်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ သိရပါတယ်။

Photo Credit : Sporting News

အသက်(၃၁)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား လာကာဇက်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ အာဆင်နယ်ကနေ အသင်းဟောင်း လိုင်ယွန်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နေရာဟောင်းဆီကို ပြန်လာခဲ့တဲ့ လာကာဇက်က လက်ရှိမှာ သူရဲ့လိုင်ယွန်အသင်းအတွက် လီဂူး(၄)ဂိုး သွင်းယူထားခဲ့ပေမယ့်လည်း မိုနာကိုနဲ့ ပွဲစဉ်အပြီး ပွဲအပြီး အင်တာဗျူးမှာ သူရဲ့စကားပြောသံက တစ်မျိုးဖြစ်နေရပြီး မစ်ကီမောက်လို အသံလိုမျိုး ထွက်ပေါ်နေတဲ့အတွက် အသံကြိုး ခွဲစိတ်မှုပါ လုပ်ဆောင်သွားရဖို့ အစီအစဉ် ရှိနေရပါတယ်။

Photo Credit : The Sun

ပြင်သစ်နာမည်ကြီး L’Equipe သတင်းစာရဲ့ ဖော်ပြချက်အရ လာကာဇက်ဟာ ဒီအသံကြိုး ပြသာနာကြောင့် လအတန်ကြာအောင် စကားမပြောနိုင် ဖြစ်နေရပြီး စကားပြောတဲ့အခါမှာလည်း စကားသံထွက်အောင် မနည်းပြောဆိုနေရတာဖြစ်လို့ အခုလို ကုသမှု ခံယူဖို့အတွက် ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ မိုနာကိုပွဲစဉ်အပြီး အင်တာဗျူးမှာ လာကာဇက်ရဲ့ စကားသံအပေါ် လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဟီလီယမ်ရှုထားတဲ့ အသံ မစ်ကီမောက်အသံလို့ ကျီစယ်ခဲ့ကြပါတယ်။ လာကာဇက်အနေနဲ့ အခုတစ်ပတ် နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာပဲ ခွဲစိတ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမယ့် လီဂူးပွဲစဉ်အတွင်းမှာ လိုင်ယွန်အသင်းအတွက် ပါဝင်ကစားပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လာကာဇက်ဟာ ဒီနွေမှာပဲ လီဂူးပြိုင်ပွဲဆီ ပြန်လာခဲ့သလို အာဆင်နယ်အသင်းရဲ့ ကစားသမားတစ်ဦး ဘာလိုဂန်ကိုပါ လီဂူးဆီ ပြောင်းရွှေ့လာဖို့ အကြံပေးခဲ့တဲ့အတွက် ဘာလိုဂန်က အာဆင်နယ်ကနေ ရန်းစ်အသင်းဆီ အငှားနဲ့ ပြောင်းလာခဲ့ရတာဖြစ်ပြီး အခုဆိုရင် ရန်းစ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြနေနိုင်ခဲ့လို့ လာကာဇက်ကို ကျေးဇူးတင်မိကြောင်း သူ့အပြောင်းအရွှေ့မှာ လာကာဇက်က အေးဂျင့်တစ်ဦးလိုပါ ဆောင်ရွှက်နိုင်ခဲ့ကြောင်းပါ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version