အာဆင္နယ္အသင္းရဲ့ တိုက္စစ္မွူးတစ္ဦး ျဖစ္တဲ့ လာကာဇက္ကေတာ့ ယေန႔မနက္မွာ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ အက္ဖ္ေအဖလား တတိယအဆင့္မွာ လိဒ္ယူနိုက္တက္ကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ သူတို႔အေနနဲ႔ အာတီတာရဲ့ ႀကိမ္းေမာင္းမွုကို ခံခဲ့ရေၾကာင္း ပြဲအၿပီးမွာ ျပန္ေျပာင္း ေျပာျပသြားခဲ့ပါတယ္။ အမ္းမရိတ္ ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ပြဲစဥ္မွာ အာဆင္နယ္အသင္းဟာ နယ္ဆင္လ္ရဲ့ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ လိဒ္ကို အနိုင္ရခဲ့တာပါ။

Photo Credit: Guardian.com

အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ခ်န္ပီယံရွစ္မွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ လိဒ္အသင္းကို အသာစီးရယူနိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး ပထမပိုင္း ပြဲခ်ိန္အတြင္းမွာဆိုရင္ လိဒ္အသင္းရဲ့ ဖိအားေပးကစားျခင္းေတာင္ ခံခဲ့ရပါတယ္။ ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္အသင္းရဲ့ ကစားပုံဟာ တိုးတက္လာခဲ့ၿပီး ပြဲကစားခ်ိန္ ၅၅မိနစ္မွာ နယ္လ္ဆင္က အနိုင္ဂိုးကို သြင္းယူေပးနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Guardian.com

ပြဲစဥ္ရဲ့ ပထမပိုင္းအၿပီးမွာ ဆူပူႀကိမ္းေမာင္းခံခဲ့ရမွုနဲ႔ ပတ္သတ္ၿပီး လာကာဇက္က ” မန္ေနဂ်ာက ကၽြန္ေတာ္တို႔ကို ေအာ္ေငါက္ခဲ့ပါတယ္။ သူက ကၽြန္ေတာ္တို႔ရဲ့ ကစားပုံနဲ႔ ပတ္သတ္ၿပီး မေပ်ာ္ရႊင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ဟာ သူတို႔ ဘယ္လိုပုံစံကစားတတ္လဲဆိုတာ သိခဲ့ေပမယ့္ နည္းျပေျပာတဲ့အတိုင္း သူတို႔ကို မတုန႔္ျပန္နိုင္ခဲ့ပါဘူး ” လို႔ ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

Photo Credit: Guardian.com

လိဒ္ယူနိုက္တက္အသင္းနဲ႔ပြဲစဥ္ဟာ အာတီတာရဲ့ အာဆင္နယ္အသင္းကို ကိုင္တြယ္တဲ့ ေလးပြဲေျမာက္ပြဲစဥ္ျဖစ္ၿပီး အာတီတာရဲ့ လက္ေအာက္မွာ အာဆင္နယ္အသင္းဟာ တိုးတက္မွုေတြရွိလာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ယခုတစ္ပတ္မွာေတာ့ အာဆင္နယ္အသင္းဟာ ခရစၥတယ္ပဲေလ့စ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာလည္း ျဖစ္ပါတယ္။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ လာကာဇက်ကတော့ ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သူတို့အနေနဲ့ အာတီတာရဲ့ ကြိမ်းမောင်းမှုကို ခံခဲ့ရကြောင်း ပွဲအပြီးမှာ ပြန်ပြောင်း ပြောပြသွားခဲ့ပါတယ်။ အမ်းမရိတ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ နယ်ဆင်လ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ လိဒ်ကို အနိုင်ရခဲ့တာပါ။

Photo Credit: Guardian.com

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် ချန်ပီယံရှစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လိဒ်အသင်းကို အသာစီးရယူနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲချိန်အတွင်းမှာဆိုရင် လိဒ်အသင်းရဲ့ ဖိအားပေးကစားခြင်းတောင် ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ တိုးတက်လာခဲ့ပြီး ပွဲကစားချိန် ၅၅မိနစ်မှာ နယ်လ်ဆင်က အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Guardian.com

ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ ဆူပူကြိမ်းမောင်းခံခဲ့ရမှုနဲ့ ပတ်သတ်ပြီး လာကာဇက်က ” မန်နေဂျာက ကျွန်တော်တို့ကို အော်ငေါက်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး မပျော်ရွှင်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ သူတို့ ဘယ်လိုပုံစံကစားတတ်လဲဆိုတာ သိခဲ့ပေမယ့် နည်းပြပြောတဲ့အတိုင်း သူတို့ကို မတုန့်ပြန်နိုင်ခဲ့ပါဘူး ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit: Guardian.com

လိဒ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်ဟာ အာတီတာရဲ့ အာဆင်နယ်အသင်းကို ကိုင်တွယ်တဲ့ လေးပွဲမြောက်ပွဲစဉ်ဖြစ်ပြီး အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်အသင်းဟာ တိုးတက်မှုတွေရှိလာတာကို မြင်တွေ့ခဲ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။